အချစ်ဆို ပိုင်ဆိုင်လိုမှုဆိုတဲ့ လောဘမပါသရွေ့ အချစ်က အေးချမ်းပါတယ်။❣️❣️

493 17 0
                                    

Merry - " မေမေ.."

Merry Mom - " ဟင်? Merry, သမီး ရုတ်တရက်ကြီးအိမ်ကို ဘာလို့?"
Merry - " သမီး သိပြီးပါပြီ မေမေ, အဖေစစ်ဆေးခံရတာ.ဒါနဲ့,မေမေအပြင်က ပြန်လာတာလား?

Merry Mom - " ဟုတ်တယ် သူ့ကို စစ်ဆေးရေးရုံးမှာ ခေါ်ထားလိုက်ကြပြီ။ သူ့မှာကလည်း သွေးတိုး/ဆီးချိုကလည်းရှိသေးတာဆိုတော့ ဟိုမှာလိုအပ်တာလေးတွေ အမေထုတ်ပိုးပြီး သွားပို့တာလေ.. ဒါပေမယ့် ...ကဲပါ ထားပါ ဘာပဲဖြစ်ဖြစ် စစ်ဆေးတုန်းပဲကို သမီးစိတ်မပူပါနဲ့ အဆင်ပြေသွားမှာပါ။ သမီးအမလည်းရှိတာပါကို..."

Merry - " ဒါပေမယ့် ဘာဖြစ်လည်း မေမေ? ဟိုက ဆေးတွေ အပိုပစ္စည်းတွေယူခွင့်မပေးဘူးလား? ပေး သမီးပေးပေးမှာမလို့ အခုကစပြီး မေမေတစ်ယောက်ထဲကျိတ်ခံစားနေစရာမလိုပါဘူး သမီးရှိပါတယ်။"

Merry Mom - " မေမေ့သမီးလေးတောင် အရွယ်ရောက်လာပြီပဲ..ဒါပေမယ့် မေမေတကယ်အဆင်ပြေပါတယ် သမီးအမက လုပ်ပေးတယ်လေ။ ဆေးဘူးလိုက်ပေးလို့မရပေမယ့် သုံးရက်စာ ပေးခဲ့လို့ရအောင် Charm(Alex) က လုပ်ပေးတယ်။ ကျန်တာတွေလည်း မေမေကို စိတ်မပူပဲ အေးဆေးနေပါဆိုပြီး ပြောလိုက်သေးတယ်။ ဒါကြေယင့် သမီးကလည်း သမီးအမဘေးကနေပြီး ကူညီပေးနော်။"

Merry - "သမီး...., ဒီအိမ်မှာပဲ ပြန်နေတော့မယ် မေမေ, "

Merry Mom - " Merry! သမီး ...."
Merry - " သမီးအဆင်ပြေပါတယ် မေမေဒါကြောင့် ...."
Merry Mom- "မဟုတ်ဘူး... သမီးCharm(Alex) က သမီးကို ငြိုငြင်နေပြီလား?? ဒီကိစ္စတွေကြောင့် သမီးတို့ ဆက်ဆံရေးမှာများ...."
Merry - " မမက သမီးကို ဘယ်တော့မှ ငြိုငြင်မှာမဟုတ်ဘူးမေမေ, သူက သမီးကို ထွက်သွားပေးဖို့ ဘယ်တော့မှ ပြောမယ့်သူမဟုတ်ဘူး.. အာ့တာကြောင့် သမီးတို့က အဆင်ပြေပါတယ်။ ဒါပေမယ့် ဆယ်လမွန်ငါးတွေလိုပဲ သမီးလည်း အချိန်တန်နေရင် သမီးနေရာကို ပြန်လာရမှာပဲလေ။ ဒီလောက်အထိ Alexဘေးနားမှာ နေခွင့်ရခဲ့တာကိုက သမီးအတွက် အရမ်းတန်ဖိုးရှိနေပါပြီ။ အခုချိန်မှာတော့ သမီးလည်း သမီးမိသားစုကို ပြန်စောင့်ရှောက်ရမှာပေါ့။"

Why Can't I hold youWhere stories live. Discover now