မင်းမရှိလည်းအဆင်ပြေပါတယ်ဆိုပြီး ကိုယ့်ကိုယ်ကို နေ့တိုင်းလိမ်နေမိတယ်💔🍀🍀

373 24 2
                                    

JJ - "အား ချီးပဲ.. သေစမ်း ခဏလေး Nurse မလေးတွေနဲ့စကားပြောနေတာကို Bossက ဘယ်ပျောက်သွားတာလည်း?"

Alexကိုဆေးရုံနေရာအနှံ့လိုက်ရှာရင်း နောက်ဆုံး ကလေးကစားကွင်းတွေဘက် ရောက်လာခဲ့သည်။ ညမိုးချုပ်ဆိုတော့ ကလေးကစားကွင်းဘက်က ဘယ်သူမှမရှိတော့ တိတ်ဆိတ်နေလေပြီ။ မတွေ့သသည့်အဆုံး JJ မြေကြီးပေါ် ဆောင့်ကြောင့်ထိုင်ချလိုက်ရင်း အပေါ်ကို မော့ကြည့်ရင်း အော်ဟစ် ညည်းတွားလိုက်လေတော့သည်။ ထိုစဉ် ကလေးစီး seesawပေါ်မှ လွင့်လာဟန်တူသည့် ဖိနပ်တစ်ရံက သူ့ခေါင်းကို လာမှန်သည့်အတွက် ညစ်နေရာမှ ပေါက်ကွဲပစ်လိုက်ရန် ကြံလိုက်စဉ် နောက်ဆွဲတွဲ ကြားလိုက်ရသည့် Boss အသံကြောင့် ပျော်သွားပြီး seesaw ဆီသွားလိုက်ရသည်။

Alex - "ရား!! စောက်ပါးစပ်ပိတ်ထားစမ်း"

JJ - " အား!! ဝမ်းသာလိုက်တာ Bossရယ် ဟီးဟီး"

Alex - "စောက်ရေးထဲ .. အသည်းကွဲတာတောင် အေးဆေးမကွဲရဘူး ငါ့နှယ် ဖယ်စမ်းအရှေ့က ငါဆင်းမလို့"

JJ - " အသည်းကွဲတယ်? အာ!! တကယ်ကြီး ဖျက်လိုက်ပြီးလား? ဝမ်းသာလိုက်တာ Bossရယ် ဘာပဲဖြစ်ဖြစ် !အား!!!! သေစမ်း နာလိုက်တာ အား!! ခေါင်းကို မရိုက်ပါနဲ့ဆိုတာကို ဘာပဲဖြစ်ဖြစ် အကောင်းဘက်က တွေးစမ်းပါ Bossရယ် ဆက်လို့မရတဲ့ ရေစက်ကို စောစောဖြတ်လိုက်တာ အေးပါတယ်။ ဘာပဲဖြစ်ဖြစ် သူမထက်ကောင်းတာတွေ အများကြီးပါ။"

Alex - " ရည်းစားထားတာက ဖိနပ်ဝယ်နေတယ်များမှတ်နေလား? ကောင်းပြီး အကြမ်းခံတာရှာရအောင်.... ဒီထက်မနာချင်ရင် ပါးစပ်ပေါက်ကို ပိတ်ပြီး ငါဆေးရုံဆင်းဖို့ ပြင်လိုက်တော့.."

Why Can't I hold youWhere stories live. Discover now