Sweet Trap

373 13 0
                                    

Khaid - "နင် ဘာကိုပြောချင်နေတာလည်း Alex? နင်နဲ့ ဖေဖေကြားမှာ..... "

​အိတ်ကပ်ထဲရှိ ဖုန်းမြည်လာသောကြောင့် Khaid ပြောလက်စကို ရပ်လိုက်သည်။ ဖုန်းကို ချက်ချင်းမကိုင်ပဲ Roseကိုလှမ်းခေါ်ပြီး Alexကို သူမအခန်းဆီပြန်ပို့ရန် ပြောလိုက်သည်။ Alex ထွက်သွားမှ

Khaid - "Hello! ဘယ်က?? ဟုတ်ပါတယ် ကျွန်တော်က Khaid ပါ။ ဟုတ်ပါတယ်။ ခင်ဗျာ?? လူမှားနေတယ်ထင်တယ် ကျွန်တော်က.....ဟုတ်ပြီ ဟုတ်ပြီ ကျွန်တော်ကိုယ်တိုင်ပဲ လာခဲ့မယ်ဟုတ်ပြီလား!"

Alex သူမအခန်းပြတင်းပေါက်ကနေ သူမအကိုရဲ့ကားလေး အရှိန်ပြင်းစွာမောင်းထွက်သွားသည်ကို ရပ်ကြည့်နေမိသည်။ ထိုစဉ် သူမလက်ကို လာဆွဲသည့် လက်ကြောင့် နောက်သို့ လှည့်ကာ.... သူမလက်ကို မရဲတရဲကိုင်ကာ ခေါင်းကို ငုံ့ထားသော Rose ကို ကြည့်ရင်း မေးလိုက်သည်။

Alex - "ဘာကိစ္စနဲ့...."

Rose - " ဟို.. D...DD နှုတ်ခမ်းကို ဆေးထည့်ပေးဖို့.. ဒီမှာဆေး.."

Alex သူမ နှုတ်ခမ်းကို လက်ဖိ ဖိလိုက်ရင်း လက်မှပါလာသည့် သွေးစခြောက်ခြောက်လေးများကို တချက်ကြည့်ကာ

Alex - "အာ.. ဒါလား ရတယ် မလိုဘူး Rose ။ မင်းဘာသာ လုပ်စရာရှိတာကိုသာ...သာ. Ugh(Kiss)"

သူမနှုတ်ခမ်းမှ အနာကို ခပ်ဖွဖွလေး နမ်းလိုက်သည့် Roseကြောင့် Alex အလျင်အမြန်ရုန်းကာ Roseကို တွန်းထုတ်လိုက်မိသည်။

Rose - "................. "
Alex - "မင်း! ဒါဘာလုပ်တာ.. မနေ့က အိပ်ယာထဲက ကိစ္စကြောင့် မင်းကိုယ်မင်း ဘာထင်နေလည်း မသိပေမယ့် ကိုယ့်နေရာကို သိပါ။

Rose - "ဘာ..ဘာလို့ ဒါပေမယ့် မနေ့က အတူတူတောင်.."

Alex - "sorry, မနေ့က ကိုယ်စိတ်အလိုမကျဖြစ်နေလို့ မင်းအပေါ် ပေါက်ကွဲမိသွားတယ်။ ဒါပေမယ့် သူမ မှ မဟုတ်ရင်.. "
Rose - "DD ကျေနပ်အောင် လုပ်ပေးပါ့မယ်။ အာ့တာကြောင့်... "

Alex -"ရှေ့တိုးမလာနဲ့တော့နော် Rose!!! ကိုယ် ခွင့်မပြုဘူး.!!!! ကိုယ်! ကိုယ်ဘေးက နေရာကို အလွတ်ပဲထားမှာ။ဘယ်သူကမှ သူမ နေရာကို မယူစေရဘူး။အာ့တာကြောင့် Rose မင်းလည်း ဒီလောက်ထွက်သွားပါတော့။"

Why Can't I hold youWhere stories live. Discover now