ဘယ်သူတွေ ထားခဲ့ပါစေ အနည်းဆုံးတော့ မင်းတစ်ယောက်ကိုတော့ ငါ့အတွက်ရှိနေဖို့...

412 21 0
                                        

Project Proposal Meeting စတင်မယ့် အချိန်နီးကပ်နေပြီဖြစ်သဖြင့် Company ကားပါကင်အတွင်းတွင် လူကြီးများကို ကြိုဆိုသည့်အဖွဲ့များဖြင့် စည်ကားနေသည်။ Alex(Charm) သူမကားကို ပါကင်တွင်ထိုးလိုက်သည်။ အသင့်စောင့်နေသော အတွင်းရေးမှူး Roseမှ ကြိုတင်ကြည့်ရန်ပြင်ဆင်ထားသော ဖောင်များကို Alex(Charm) ကားပေါ်မှ ဆင်းဆင်းချင်း လှမ်းယူကာ ဖတ်လိုက်သည်။

" အင်း အဆင်ပြေပါပြီ ဒီအနေထားလောက်ဆို Project sample ကော ?? "

" ပြီးပြီလို့ အကြောင်းကြားထားပါတယ် လက်ထဲတော့ မရောက်သေးပါဘူး"

" အိုကေ မြန်မြန်လေး ပြင်ပြီး လာပေးခိုင်းလိုက်ပါ Copyကို Chairman အတွက်ပါ ပိုကူးဖို့ သတိပေးလိုက်အုန်း Rose ကိုယ် Meeting Room ကို တန်းတက် သွားလိုက်မယ်။"

" ဟုတ်ကဲ့ DD  ကုတ်အင်္ကျီပြင်ပေးပါစေရှင့် ဟင် နက်ကတိုင် ကော DD ချွတ်ထားလိုက်တာလားရှင့်... "

သူမ ကို ကြည့်ကောင်းစေရန် ပြင်ဆင်ပေးနေသည့် Rose ရဲ့အမေးကြောင့် ?? Alex သူမလည်ပင်းကို ပြန်စမ်းလိုက်ရင်း.....
" ဟင် နက်ကတိုင် ဝတ်ထားတယ် လေ လေ.........အာ "
💭💭 သေစမ်း ခုနက Merry ဆီမှာ ကျန်ခဲ့တာပဲ 💭💭
" မဟုတ်ပါဘူး DD က ဒီအတိုင်းလည်း လုံးဝကြည့်ကောင်းနေပါတယ် လည်တိုင်ရှည်ရှည်လေး ပေါ်သွားတာပေါ့😊"

" အင်း ဟုတ်လား အာ အိုကေ ဒါဆို ကိုယ် Meeting Room ကို တတ်သွားလိုက်တော့မယ် ရုံးခန်းကပဲ စောင့်နေလိုက်တော့ Rose"

သူမကို ပြောပြီး ဓာတ်လှေကားထဲ ဝင်သွားသော DD နောက်ကျကို ကြည့်ရင်း Rose နောက်ချန်နေခဲ့သည်။ Rose သူမလက်ကို သူမဆုပ်ကိုင်ထားလိုက်သည်။

" ဟင်း DD ကိုယ်လေးက မွှေးတယ်ဆိုပေမယ့် အခုလို အနီးကပ်တော့ မရဘူးဘူး😊 အနံ့လေးက နူးနူးညံညံနဲ့ဆွဲဆောင်မှုရှိတာပေါ့ DD က Suite အပြည့်နဲ့ တအားကြည့်ကောင်းတယ် DD PA ဖြစ်ခွင့်ရတာ ငါလေး သိပ်ပျော်တာပဲ 😊😍"

Rose ကားပါကင် ဓာတ်လှေကားတွင် တစ်ယောက်တည်းရပ်နေပြီး တွေးနေစဉ် အနောက်မှ တစ်စုံတစ်ယောက်က သူမပုခုံးကို ပုတ်လိုက်သည့်..အတွက်

" အိုး မင် မင်္ဂလာပါရှင့် Miss Sayar , Meeting Room က 6th Floor မှာပါရှင့်"

" အင်း မင်းက  Director Charm (Alex) ရဲ့ PAမလေး မလား ဒီမှာ ဘာလုပ်နေတာလည်း "

Why Can't I hold youWhere stories live. Discover now