Sayar(Linn) - "ဘယ်လိုလည်း ဖြတ်ခဲ့လား?"
Micky - "ငါတော့ ပြောပြခဲ့တာပဲ သူတို့နှစ်ယောက်မဖြစ်နိုင်တဲ့အကြောင်းကို ဒါပေမယ့် Alexက သိစေချင်ပုံမရဘူး အာ့ကလေးမလေးကို အရိပ်ကြည့်လွန်းတယ်။ ငါနားမလည်တာက ဒီမတော်တဆအမှုမှာ အာ့ကလေးမလေး ပယောဂလည်း မကင်းဘူးဆိုတာကို သိနေတာတောင် ဘာလို့ အခုထိဘေးမှာထားချင်နေတာလည်း??
Sayar(Linn) - "အာ့တာကြောင့် ငါတို့က ဘေးက ကူညီနေရတယပေါ့။ Alexသူ့လက်နဲ့ Merryကို မဖယ်နိုင်ဘူးဆိုရင် ငါတို့က ဖယ်ပေးရမှာပေါ့။ ဘာပဲဖြစ်ဖြစ် ဒီနေ့ နင်ပင်ပန်းသွားပြီ Micky နားလိုက်တော့နော်။ Bye"
Micky - "အိုကေ"
Sayar(Linn) ဖုန်းပြောပြီးသည်နှင့် အခန်းအတွင်းသို့ ဝင်လာခဲ့သည်။ ဆိုဖာပေါ်တွင် ထိုင်နေသော Khaid မှ
Khaid - "အိပ်မပျော်လို့တဲ့လား? Alexက သူအိပ်မပျော်တိုင်း ဒီလိုအချိန်မကြည့်ပဲ ဆက်နေကြလား?"
Sayar(Linn) - "Alex?? အာ ခုနက ဖုန်းပြောနေတာ တခြားသူငယ်ချင်းတစ်ယောက်ပါ။ ကြာသွားလို့ စိတ်ဆိုးသွားတာလား? Sorry ပါ လာ သွား အိပ်....... အိပ်.... ကိုယ် ဘာလို့ ??"
တောင်းပန်စကားဆိုရင်း လက်ကို လှမ်းဆွဲလိုက်သည့် Sayar လက်ကို ပုတ်ထုတ်လိုက်ရင်း ထထွက်သွားသည့် Khaidရဲ့ ခပ်ဆက်ဆက် အမူရာကြောင့် Sayar အံ့အားသင့်သွားမိသည်။
Khaid - "သူငယ်ချင်း?? ဘယ်သူလည်း မဖြူလား? မနီလား? အရောင်စုံနေပြီ ကိုယ့်မှာနာမည်တွေမှတ်ရလွန်းလို့ Sayar အာ့လိုလုပ်နေမယ့်အစား ကိုယ့်အပေါ် ရိုးသားလိုက်စမ်းပါ။ မင်းအခုချိန်ထိ ကိုယ့်ညီမ အပေါ်မှာ ခံစားချက်တွေ ရှိနေတုန်းပဲဆိုတာ။"
Sayar(Linn) - "ကိုယ်? ဘာ ဘာလို့ Sayar အပေါ် နားလည်တယ်ဆို။ အခုမှ ဘာလို့.. ပြီးတော့ ကိုယ့်အပေါ် Sayar ဘာမှမဖောက်ပြန်ဘူးဘူးလေ "
Khaid - " Sorry , Sayar ! ကိုယ်ဒီနေ့ နည်းနည်းအဆင်မပြေလို့ ကိုယ် စာကြည့်ခန်းမှာပဲ အိပ်လိုက်တော့မယ်။ ချစ်လည်း အိပ်လိုက်တော့. "
Sayar(Linn) - "ကိုယ်..?"
Khaid စာကြည့်ခန်းအတွင်းသို့ဝင်ကာ တံခါးကို အထဲမှ လော့ချလိုက်သည်။ ထို့နောက် လက်ထဲတွင်ဆုပ်ကိုင်ထားသော ဖုန်းကို တချက်ကြည့်လိုက်ပြီး ဆုံးဖြတ်ချက်တခုကို ချလိုက်သည်။ ဖုန်းCall ထဲမှ နောက်ဆုံးဝင်ထားသောရနံပါတ်ဆီကို Messageတခု ပို့လိုက်သည်။
YOU ARE READING
Why Can't I hold you
Любовные романы#Yuri#Girllove#Romance#Drama#Love#🔞alittle warning#TeenFiction#🌈 #GirlloveGirl #Girl x Girl #Lesbian#Lesbianlove#Lovehasenogender#Koo#❤️❤️ (Unicode+Zawgyi )
