❣️သူမ မရှိရင် မဖြစ်တော့လို့ပါ ❣️

544 18 0
                                    

Alex (Charm) Parking ထိုးပြီးသည်နှင့် သူမရုံးခန်းရှိရာသို့ လာခဲ့သည်။

Rose- "Morning DD "

Alex(Charm) - "Imm Morning Rose"

Rose- "DD ဒီနေ့ က တခုခု ထူးခြားတဲ့ နေ့များလား DD ?? DD စိတ်ရွှင်လန်းနေပုံရလို့ပါ။"

Alex(Charm) - " အဟား!! ဟုတ်လား သိသာနေလား ?? "

Rose- " ဟုတ်ကဲ့ DD"

Alex(Charm) - " ကိုယ့်ကို ဒီနေ့အတွက် အစီအစဉ်လေးတွေ ပြောပေးအုန်းနော် "

Rose- " ဟုတ်ကဲ့ DD ကော်ဖီ တခွက်ပြင်ဆင်ပြီး ရုံးခန်းထဲကို ဝင်လာခဲ့ပါ့မယ်"

Alex(Charm)- "Ok!"

အစီအစဉ်များကို ပြောကြားပြီးသည့်နောက် သူမ ဘေးမှာ သူမဆီက Reply ကို စောင့်နေသည့် Roseကို Alex(Charm) အဆင်ပြေကြောင်းပြောပြီး Roseကို နေရာပြန်ရန် ပြောလိုက်သည်။ သူမဆီကို ဝင်လာသည့် ဖုန်းကို
Alex(Charm) ကောက်ကိုင်ပြီး တစ်ဖက်လူကို အချိုသာစွာပြန်လည်ဖြေကြားလိုက်သည်။

Rose တစ်ယောက် သူမComputer ရုံးတွင်း Chat Box မှ ဝင်လာသည့် Mail တစ်စောင်ကိုကြည့်လိုက်သည်။ ဖတ်ပြီးနောက် သူမ Reply ပြန်လိုက်သည်။
DD - "Rose! ကိုယ့်အတွက် ညနေအချိန်ကို ဖယ်ပြီးစီစဉ်ပေးပါ။"

Rose- "ဟုတ်ကဲ့ DD တစ်နေရာသွားစရာများရှိလို့လား?"

DD -" အင်း အိမ်ကို ခဏပြန်မလို့"

Rose- "ဟုတ်ကဲ့"

Alex(Charm) လက်မှ နာရီကို ကြည့်လိုက်သည်..  နေ့လည် ၁၂:၀၀ အတိရှိနေပြီ။
💭ဒီအချိန်ဆို Merry အတန်းဆင်းလောက်ပြီ💭

Merry-" Hello! Alex, အင်းအတန်းဆင်းပြီ အခုပဲဆင်းတာ ကန်တင်းသွားမလို့လေ.. Alexကော စားပြီးပြီလား??"

Alex(Charm)-" ကိုယ်လည်း စားတော့မလို့ပဲ ညနေ ကိုယ်ကျောင်းကို လာမကြိုနိုင်လောက်ဘူးထင်တယ်.. အာ့တာကြောင့် Merry အဆင်ပြေရဲ့လား??"

Merry- "ရပါတယ် Alexရဲ့ ပေပီတို့ နှစ်ယောက်ရဲ့ အိမ်ကနေပဲ ပေပီစောင့်နေပါ့မယ် အလုပ်ကိုသာ အာရုံစိုက်ပါ..  ပြီးတော့...  ပြီးတော့ လေ..  Alexကို သတိရနေမယ်"

Alex(Charm) ဖုန်းကို ချလိုက်ပြီး ရှေ့က စားပွဲပေါ် မျက်နှာကို မှောက်ချလိုက်သည်။

Why Can't I hold youWhere stories live. Discover now