ဒီထက် ဘယ်လောက်အနစ်နာခံပေးရအုန်းမလည်းဆိုတာ..

340 19 0
                                    

သူမဘေးမှ ခပ်ပြင်းပြင်းမောင်းထွက်သွားသော Alex ကားအမည်းရောင်လေးကြောင့် Merry သူမခြေလှမ်းတွေကို အရှိန်သတ်လိုက်ပြီး တရိပ်ရိပ်ဝေးသွားသော ကားအမည်းရဲ့ နောက်ပိုင်းလေးကို ရပ်ကာငေးကြည့်နေမိသည်။

Merry - "သွားပြီပဲ, သူမတကယ်ကို ငါ့အပေါ်စိတ်ကုန်သွားပြီလား? ဒီလိုဖြစ်အောင်လို့ ရည်ရွယ်ပြီးလုပ်ခဲ့ပေမယ့် တကယ်တမ်း Alexနဲ့ဝေးရမယ်ဆိုတော့ကျတော့လည်း ငါ့တကိုယ်လုံးမှာ အားအင်တွေမရှိတော့ဘူးပဲ။ အရာရာက တိတ်ဆိတ်ပြီးအေးစက်သွားတယ်။ ဒါပေမယ့် ဒါကပဲ ငါ့ဘဝအမှန်ပဲလေ ဒါကြောင့် ငါရင်ဆိုင်နိုင်ရမယ် အားတင်းထား Merry, Alex စိတ်မဖြောင့်ရအောင် မနေနဲ့ တော့... "

သူမကိုယ်သူမ တကိုယ်တည်း ရေရွက်ကာအားပေးရင်း ခြေလှမ်းတွေကို စတင်လှမ်းလိုက်သည်။ ထိုစဉ် သူမအိတ်ထဲမှ မြည်လာသော ဖုန်းကြောင့်

Merry - " Hello!? ရှင်!!!!!!! Alexက ??? Hello !အမSayar?"
Sayar(Linn) - " Alexသာ တခုခုဖြစ်ခဲ့ရင် မင်းဘာပဲဖြစ်နေပါစေ ငါခွင့်မလွှတ်တော့ဘူး Merry, အာ့တာကြောင့် အခုချက်ချင်း Alexကို လွှတ်ပေးပါ။ "
Merry - "နေ...နေပါအုန်း အမ ဘာတွေရုတ်တရက်ကြီး ပြောနေမှန်း ညီမတကယ်ကို နားမလည်တော့လို့ Alexက ဘာဖြစ်နေလို့?? အခုလေးတင် ညီမ... နဲ့......."

Sayar(Linn) - "မင်း!!! တကယ်မသိတာလား ထပ်ပြီးဟန်ဆောင်နေတာဆိုရင်တော့ ငါအခုချက်ချင်းမင်းကို လာရှာပြီး သတ်ပစ်မယ် Merry အာ့တာကြောင့်.."

Merry - "နေပါအုန်း!!!!!!!!!! ကျေးဇူးပြီး အရင်သာ နားလည်အောင်ရှင်းပြပါအုန်း Alexက အခုပျောက်နေတာလား??"

Sayar(Linn) - "ဟုတ်တယ် ငါတို့ချိန်းထားတဲ့ နေရာဆီ အခုထိသူမ ရောက်မလာဘူး။ ဖုန်းလည်း ဆက်သွယ်လို့မရဘူး။ သေချာတာကတော့ သူတနေရာရာမှာ ပြသာနာကြုံနေရပြီ အာ့တာကြောင့်..... ဟင်?? Hello? Merry ? Hello!!!! တောက်!!!!!!!!! ချီးပဲ ဟာ အရေးထဲ ကိုယ် ကလည်း ဘယ်ရောက်နေတာတုန်း။"

Merry တဖက်မှ Sayar ရဲ့ပြောစကားများကို ဆုံးအောင်နားထောင်မနေတော့ပဲ ဖုန်းကိုချပစ်လိုက်ပြီး လာရာနောက်ကြောင်းသို့ အမြန်ပြန်ပြေးသွားသည်။ Company ​၏ Chairman ရုံးခန်းဆီ မရောက်မချင်း သူမ အရပ်မနား အရှိန်ဖြင့် ပြေးလွှားနေမိသည်။
💭မဖြစ်ဘူး... No Alex ကျေးဇူး..ကျေးဇူးပြုပြီး.. Alex!!Alex!! Merry သိပ်ချစ်ပါတယ် Alexကို Merry အရမ်းချစ်လွန်းလို့ပါ။ ဒါကြောင့် ကျေးဇူးပြုပြီး Alexရယ်....။
အရှင်ဘုရား တပည့်တော်မသည် အမှားအမှန်မခွဲခြားနိုင်တော့လောက်အောင် ကို Alexအပေါ်ကို အရမ်းချစ်ခဲ့မိပါတယ်။အရမ်းချစ်ခဲ့မိသလောက်လည်း သူမအပေါ်မှာ နာကျင်စေခဲ့မိပါတယ်။ အပြစ်မှန်သမျှကို ကျေကျေနပ်နပ်ခံယူပါ့မယ့် ထိုမှန်ကန်သော သစ္စာစကားများကြောင့် Alex ဘာမှမဖြစ်ပါစေနဲ့။ ကျေးဇူးပြုပြီး ဘာမှမဖြစ်ပါစေနဲ့.....။💭💭💭💭💭

Why Can't I hold youWhere stories live. Discover now