အချစ်ဆိုတာ ဘာမှန်းမသိခင်ကတည်းက သူ့အနားမှာ ရှိနေချင်ခဲ့တာ

488 28 0
                                    

Alex(Charm) ဆေးရုံကထွက်လာပြီး ကားပေါ်တတ်ကာ ထိုင်ခုံပေါ်မှာ ထိုင်နေပြီး ဖုန်းခေါ်လိုက်သည်။

"JJ အမကို တစ်ခုစုံစမ်းပေးပါ.......... အင်း ပို့လိုက်မယ် အမစစ်ခိုင်းထားတဲ့ Memory Stick ကော... ? ဟုတ်လား အိုကေ အမစစ်ကြည့်လိုက်မယ် bye"

ဖုန်းကို ဘေးထိုင်ခုံပေါ်ပစ်တင်လိုက်ပြီး ကားကို မောင်းထွက်လိုက်သည်။

"✨✨✨✨21st Century Bar and Club"✨✨✨
ညနေအစောပိုင်းပဲ ရှိသေးသဖြင့် Bar မှာ လူသိပ်မများသေးပေမယ့် Club အသွင်ပြောင်းနေပြီ ဖြစ်သဖြင့် သီချင်းများ မြူးမြူးကြွကြွဖွင့်နေပြီး ကခုန်နေတဲ့ လူများ ရှိနေပြီဖြစ်သည်။
🎶🎶🎶🔊🔊🔊🔊🔊🎵🎵🎵🎵🎵🎶
🎛️🎛️🎛️🎛️🎶🎶🎶🎶🎛️🎛️🎛️🎛️🎸🥁

📲📲📲📲ဖုန်းတွေ ဆက်တိုက်ဝင်နေပေမယ့် Alex လျစ်လျုရှု ထားလိုက်ပြီး ဆက်သောက်နေလိုက်သည်။

"ရို့ Alex ကြိတ်လှချည်လား မထတော့ဘူးလား ထိုင်ပြီးသောက်ပဲသောက်နေရင် ပိုမူးမယ်နော် လာပါ အတူတူ သွားကဲရအောင် "

"လွှတ်စမ်း JJ ငါစိတ်မပါဘူးလို့ပြောနေတယ် မင်းလည်း ပြောစရာပြီးပြီ ဆိုရင် အိမ်တန်းပြန်သင့်နေပြီ🥃🤨🤨"

"အာ ဒီရောက်လာမှတော့ ဒီတိုင်းပြန်ရမလာဗျ ဒီနေ့ညအတွက် အဆင်လေးတစ်ယောက်တော့ ရှာပြီးမှပေါ့ ခင်ဗျားကကော အခုတလော ငြိမ်လှချည်လား Merry ကြောင့်လား?? ခင်ဗျားသာ လှုပ်ရှားလိုက်ရင် အေးဆေးနော် ခင်ဗျားက ဒီအတိုင်းထိုင်နေရင်တောင် ဆွဲဆောင်မှုရှိတယ် "

"တိတ်စမ်း Merry ကို ဆွဲထည့်မလာနဲ့ မင်းကဲချင် သွားကဲတော့ ငါတစ်ယောက်ထဲနေချင်လို့"

"အိုကေ ဒါဆိုလည်း အရမ်းကြီးမသောက်နဲ့တော့ ထမ်းပြီးလိုက်ပို့နေရမယ်"😒😒

Alex(Charm) ဘယ်သူမှမတွေ့ချင်တာနဲ့ ဒီBar ကို တစ်ယောက်ထဲ ရောက်လာခဲ့ချင်းဖြစ်သည်။ တစ်ယောက်ထဲသောက်နေတုန်း JJ မှ ဖုန်းဆက်ပြီး လူချင်းတွေ့ပြီးပြောစရာ ရှိတယ်ပြောလို့ Alex သူမထိုင်နေတဲ့ နေရာကို JJ ကို ခေါ်လိုက်ချင်းဖြစ်သည်။ Alex အချိန်ကြည့်ရန် ဖုန်းကို ထုတ်ပြီကြည့်လိုက်သည်.......

Why Can't I hold youWhere stories live. Discover now