သဝန်တိုနေသော Alex!! 🛑 ( A Little Warning)

842 22 0
                                        

Rose အခန်းတွင်းသို့ ဝင်လာသည်ကို Alex (Charm) ကုတင်ပေါ်တွင် မျက်လုံးကိုမှိတ်ကာထားရင်းနားစွင့်နေလိုက်သည်။ ခြေသံသည် သူမကုတင်နားအရောက်တွင် ရပ်သွားပြီး..သင်းပျံ့ စူးရှသောရေမွှေးနံ့ တစ်မျိုးက သူမနှာခေါင်းဆီသို့ ပြင်းပြင်းထန်ထန်ဝင်ရောက်လာသည်။ သူမနှုတ်ခမ်းဆီသို့က Strawberryအရသာရှိသော နှုတ်ခမ်းတစ်စုံက တက်မက်စွာထိကပ်လာခဲ့သည်။ ပူနွေးနွေးလျှာ တစ်ခုလုံး သူမပါးစပ်ထဲသို့ ဝင်ရောက်လှည့်ပတ်နေသည့်တိုင်အောင် Alex အိပ်ချင်ယောင်သာဆက်ဆောင်နေခဲ့သည်။ နမ်းနေရင်းပင် Roseလက်တွေက သူမအင်္ကျီအတွင်းသို့ ဝင်ရောက်ပွတ်သပ်လာသောအခါသူမလက်တွေကမွေ့ယာအခင်းကို လက်ဖြင့်ဆုပ်ချေလိုက်မိသည်။
💭 အာ!! တကယ်ပါပဲ အိပ်ပျော်နေတဲ့လူနဲ့ဘယ်အထိများသွားဖို့ စဉ်းစားထားတာလည်း?? ငါမရတော့ဘူး ဒီအတိုင်းထပြီး သူမကို ဆက်မသွားဖို့ တားလိုက်ရမလား???💭
"ကလင်!!!ကလင်! ကလင်! ကလင်!ကလင်!!!!"
Rose - " Hello! အဖေက? အခုထိ အာမခံမရသေးဘူးလား?? တကယ်ပဲ သူ့မိန်းမက ဘယ်အထိအာ့မှာ ဆက်ထားဖို့ စဉ်းစားနေတာလည်း? မဖြစ်ဘူး ငါလာခဲ့မယ် အခုလာခဲ့မှာမလို့ အသင့်စောင့်နေပါ။ ရှေ့နေလုပ်နေပြီး အာမခံတောင်ရအောင် ယူမပေးနိုင်ဘူး တောက်!!!"

💭💭အဖေ?? အာမခံမရသေးဘူး။ ပြီးတော့ ရှေ့နေ.. ဆိုတော့...ကိုကို??!!!! ကိုကိုက အခု အဖမ်းခံနေရတဲ့သဘောလား?? ဘာလို့??"💭💭
Rose - "အဖေကိစ္စက သွားမှဖြစ်တော့မှာမလို့? အခုဒီလောက်ပဲ အိပ်ချင်ယောင်ဆောင်နေရာကနေ ထလိုက်ပါတော့ DD..! အာ တကယ်မထဘူးပေါ့ အိုကေ ဒါဆိုလည်း Rose သွားပြီမို့ နောက်ပိုင်းကျန်တာတော့ DD စိတ်တိုင်းကျသာ လုပ်ပါတော့။" ...."ဂျလောက်! (အခန်းတံခါးပိတ်သံ)
Rose အခန်းအပြင်တွင်စောင့်နေသော လူနှစ်ယောက်ကို မှာလိုက်သည်။
Rose - "ကျွန်မ အပြင်ကို သွားမှာမလို့ ဒီအခန်းရှေ့မှာ မစောင့်တော့ပဲနဲ့ အောက်ထပ်ကနေပဲ စောင့်ကြည့်ပေးပါ။ အခြေနေကို အရေးကြီးမှသာ ဖုန်းဆက်ပါ။"
Alex မျက်လုံးကိုမဖွင့်သေးပဲ အပြင်က ခြေသံ၊စကားသံတွေ ငြိမ်သွားပြီး အတော်ကြာမှ ဖွင့်ကာ ကုတင်ပေါ်မှ ဖြေးဖြေးချင်းထလိုက်သည်။
💭 ငါ ဒီထပ်အချိန်ဆွဲမနေသင့်တော့ဘူး...!! အာတကယ်ပါပဲ ပါးစပ်မှာ Strawberry အရသာကြီးစွဲနေသေးတယ်။ ပါးစပ်လေးတော့ ဆေးအုန်းမှ..💭

Why Can't I hold youWhere stories live. Discover now