ရဲကားသံတွေ မီးသတ်ကားသံတွေနဲ့ ပတ်ဝန်းကျင်တစ်ခုလုံးက ညနဲ့မတူအောင် ဆူညံနေတော့သည်။ Alex ကို ထမ်းစင်တစ်ခုဖြင့် Ambulance တစ်စီးပေါ်သို့ တင်နေကြသည်။ Alex အနီးသို့ သူမသွားခွင့်မရခဲ့...
Khaid - "တော်ပါတော့ သူမအရမ်းပင်ပန်းနေပြီလေ ဒီလောက်နဲ့ပဲ မင်းအဖေဆီပြန်သွားလိုက်ပါတော့ ထပ်ပြီး မေတ္တာရပ်ခံတာပါ Merry.. ငါ့ညီမဘဝ ထဲက ထွက်သွားလိုက်ပါတော့.."
ထို့ကြောင့် Ambulance ပေါ်တွင် အောက်စီဂျင်ပိုက်တပ်ထားရင်း မေ့မျောနေကာ ပါသွားသော Alex ကို လူတွေကြားမှ သူမရပ်ကြည့်ရင်းကြည့်နေခဲ့သည်။
ညအမှောင်ကို လွန်လျှင် နေ့သစ်တဖန် ရောက်သလို။အစရှိခဲ့လျှင် အဆုံးသတ်ရမယ်ဆိုသလို ဒီရန်ကြွေးတွေလည်းအဆုံးသတ်သွားဖို့ သူမမျှော်လင့်မိပါသည်။ အကျဉ်းထောင်ဆီသို့ လိုအပ်သော ဆေးဝါးများ သွားပို့ပေးပြီး အပြန်လမ်းတစ်လျှောက် Merry နှုတ်ဆိတ်နေကာ အတွေးများနေစဉ် ..
Lewist - " Charm..အာ မဟုတ်ဘူးပဲ Alex လို့ပဲခေါ်ရတော့မှာပဲ။ သူဒီနေ့ သတိရလာပြီပြောတယ်..အာ့ဒါ သွားတွေ့ချင်ရင်...."
Merry 💭 သူ သတိရလာပြီ ဘုရားရေ ကျေးဇူးတင်လိုက်တာ ညတိုင်းအဓိငှာန်ဝင်ပြီး ဆုတောင်းပေးနေတာတွေ အလကားမဖြစ်ခဲ့ဘူးပဲ ဝမ်းသာလိုက်တာ💭
Merry - " တစ်ပတ်တောင်ရှိနေပြီပဲ အာ့နေ့အဖြစ်ပျက်တွေပြီးကတည်းက..ဆို သူဒီထက်စောစောနိုးလာသင့်တာ.ဘာပဲဖြစ်ဖြစ်ဝမ်းသာပါတယ်။ သူနိုးလာတော့ ညီမကို မေးလို့လား??? မေ့လက်စနဲ့ မေ့ပါစေတော့ သပ်သပ်သွားပြီး Alexကို ထပ်မထိခိုက်စေချင်တော့ဘူး။
ထိုသို့ ပြောခဲ့ပေမယ့်လည်း.. သူမကိုယ်တိုင်မသိလိုက်ပဲ Aster ပန်းစည်းလေးကို ကိုင်ကာ Alexလူနာခန်းရှေ့ ရပ်နေမိသည်။ Lewist မနက်က ပြောခဲ့တာကို တွေးနေမိသည် 💭ညဆယ်နာရီ ဆိုရင် သူနာပြုမလေးတစ်ယောက်ပဲရှိတော့တာ.💭 အခန်းထဲသို့ ချောင်းကြည့်လိုက်သည်။ တိတ်ဆိတ်နေသည့် လူနာခန်းထဲမှာ အစောင့်တစ်ယောက်မှ ရှိမနေတော့...ထိုစဉ် သူမပုခုံးကို အနောက်မှ ထိလိုက်သည့် လက်ကြောင့် Merry လန့်ကာ အနောက်သို့လှည့်ကြည့်လိုက်သည်။
![](https://img.wattpad.com/cover/218193669-288-k492169.jpg)
YOU ARE READING
Why Can't I hold you
Romance#Yuri#Girllove#Romance#Drama#Love#🔞alittle warning#TeenFiction#🌈 #GirlloveGirl #Girl x Girl #Lesbian#Lesbianlove#Lovehasenogender#Koo#❤️❤️ (Unicode+Zawgyi )