လိုအပ်တဲ့အချိန်တိုင်း❣️❣️

372 24 0
                                    

Alex - "Merry! ဒီအတိုင်းသွားတော့မလို့လား?"

ကားပေါ်မှ ဆင်းရန်ပြင်နေသော  သူမလက်ကို လှမ်းဆွဲရင်း မေးလိုက်တဲ့ Alex အဖြေကို 💭 ဒီထက် Alexအပေါ်ကို မျှော်လင့်ချက် ထပ်ပေးလို့မဖြစ်ဘူး💭

Merry - "အိမ်အထိ လိုက်ပို့မယ်ဆိုလို့ လိုက်ပို့ခွင့်လည်းပေးပြီးပြီလေ ဒါကို Merryက ဘာထပ်လိုက်လျောပေးရအုန်းမှာလည်း? ဒီလောက်နဲ့ပဲ ဆုပ်ထားတဲ့လက်ကို လွှတ်ပေးပါတော့.. ထမင်းကို သေချာစားပါ။ ခေါက်ဆွဲတွေချည်းစားမနေနဲ့။ ဒါဆို Merry သွားတော့မယ် မမAlex"

ကားပေါ်မှ ဆင်းပြီး သူမကိုကျောခိုင်းသွားသော Merry ကိုကားပေါ်မှ ကြည့်နေမိသည်။ 💭 လှည့်ကြည့်လိုက်ပါ။ လှည့်ကြည့်လိုက်ပါ Merry.. ကျေးဇူးပြုပြီးမင်းဘက်က တချက်လေးပြန်လှည့်ကြည့်ပေးပါ.. ဒီလောက်ဆိုရင်တောင် ကိုယ်မင်းကို ဆွဲထားဖို့ အကြောင်းပြချက် လုံလောက်ပြီမလို့။💭

Merry သူမကိုတချက်မှလှည့်မကြည့်ပဲ ခြံတံခါးဖွင့်ပြီးဝင်သွားခဲ့သည်။ ဒါကိုတောင် ခြံတံခါးပိတ်သွားသည် အထိ ပြန်ထွက်လာမလားဆိုပြီး စောင့်နေမိတဲ့ သူမက အရူးတစ်ယောက်နဲ့တူနေသည်။ ကားစတီယာတိုင်ပေါ် ခေါင်းကို မှောက်ရင်း အတန်ကြာသည်အထိ ငြိမ်သက်နေမိသည်။

သူမလက်လျော့လိုက်ပြီး ပြန်ရန်အတွက် ကားကိုစက်နှိုးရန်ကြံနေစဉ်.. ခြံတခါးဖွင့်သံကို ကြားလိုက်ရသည်။ Alex အားရဝမ်းသာစွာ လှမ်းခေါ်ရန်ပြင်လိုက်စဉ်

Alex - " Mel......ဟင် Merry ဘယ်ကို သွားမလို့??"

အရေးတကြီးပုံစံဖြင့် ကားတစ်စီးကို အမြန်ငှားပြီး ထွက်သွားသော Merryကြောင့် .. Alexလည်း ထိုနေရာမှ ကားစက်နှိုးပြီး Merryငှားစီးသွားသော ကားနောက်ကို
လိုက်ခဲ့သည်။

Why Can't I hold youWhere stories live. Discover now