အသည်းကွဲပြီး အေးစက်နာကျင်နေတဲ့ ပုံစံက Alex(Charm) နဲ့ အသားကျနေပြီ။

483 29 0
                                    

Sayar, Merryကို ဆွဲခေါ်ပြီး........

"Merry အမနဲ့အတူ ဒီနေ့ အချိန်ဖြုန်းပေးမလား"

"ဟုတ်ကဲ့"

"အိုကေ ဒါဆို အရင်ဆုံး Merry ဒီပုံစံကြီးကို အရင်ပြောင်းရအောင်နော် Let's Go!!"
🙋‍♀️🛍️🛍️🛍️🛍️🛍️👠👚👗👟👢🛍️🛍️🛍️🛍️

"DD ဟို နေမကောင်းဘူးလားရှင့် အဆင်မပြေရင် Report ကို ဖတ်တာ ရပ်လိုက်ရမလားရှင့်??"

Rose DD ရုံးခန်း စားပွဲရှေ့မှာရပ်ရျ် DD ရဲ့ ညနေပိုင်းScheduleနဲ့ Report များကို ဖတ်ပြနေပေမယ့်..... ခုံမှာ ထိုင်ပြီး စားပွဲကို လက်ချောင်းလေးနဲ့ ခေါက်လိုက်.... ဖုန်းကို ကြည့်လိုက် လုပ်နေပြီး တစ်စုံတစ်ခုကို စဉ်းစားနေပုံရတဲ့ DD ပုံစံကြောင့် ဖတ်လက်စ Report ကို ရပ်ပြီး Rose မေးလိုက်ခြင်းဖြစ်သည်။

"အင် ?😳 အိုး မဟုတ်ဘူး Rose ဆက်ဖတ်ပါ ရတယ် "

"ဟုတ်ကဲ့ပါ ဒါဆိုလည်း ဒီနေ့နေ့လည်မှာ လုပ်မယ့် Monthly Meeting မှာဆို.............. (ဆက်ရှင်းပြနေသည်။)

Alex(Charm) စိတ်ထဲမှာ စကတ်အတိုလေးနဲ့ Company ရောက်လာတဲ့ Merry ပုံစံက မျက်လုံးထဲကမထွက်.... ပြီးတော့ ဒါကြောင့်လည်း သူမ အခုမကျေမချမ်းဖြစ်နေသည်။

💭💭😒 ဒီကောင်မလေး ဒီလိုပုံစံနဲ့ ကျွတ်စ် တကယ်ပဲ လူကို ဘယ်လိုဆွဲဆောင်ရမလည်းဆိုတာ သိတယ် ပြီးတော့ ဒီပုံစံနဲ့လျှောက်သွားပြီး လူဘယ်နှစ်ယောက်လောက် သူ့ပေါင်တွေကို ကြည့်ပြီးပြီလေ တကယ်ပါပဲ ဘယ်သူကြည့်ဖို့ အာ့လောက်ဖော်ထားတာလည်း အခုကော ဘာတွေလုပ်နေပြန်ပြီလည်း?????🙄🙄😒😒 နှစ်ယောက်စလုံး(အမSayar ကော Merry ကော ) ဖုန်းလုံးမကိုင်ဘူး.😒😒😒💭💭💭💭💭

"DD ? DD အ အဆင်ပြေရဲ့လား အခု မျက်နှာကြီးက နီ နီနေတယ်😳😳"

"😱😱 အာ အဆင်ပြေပါတယ် အင်း အဆင်ပြေမှာပါ ရတယ် ကိုယ် Toiletခဏသွားလိုက်အုန်းမယ်"
😖😖😖😖😖😖😖😖😖😖😖😖😖😖😖😖
"မမကို ဘာမေးစရာရှိလို့ ခဏခဏ ကြည့်နေတာလည်း Merry မေးစရာရှိမေးလေ ညီမလေး မေးတာတွေ ဖြေဖို့ မမ ဒီနေ့ ညီမလေးကို အပြင်ခေါ်ခဲ့တာ"

Sayar ဘက်မှ ပြောလိုက်တဲ့စကားကြောင့် သူမဘေးမှာထိုင်ကာ သူမကို ခိုးခိုးကြည့်နေမိတဲ့ Merry တယောက်လန့်ဖျက်သွားသည်။ ဒါပေမယ့် Merry ဒီနေ့တော့ ရှင်းရှင်းလင်းလင်း လုပ်ချင်သည့်အတွက်ကြောင့်ရယ်.., ပြီးတော့ Alexက သူ့အပိုင်အဖြစ်နေပေးမယ် ပြောထားတာပဲမလား...........

Why Can't I hold youWhere stories live. Discover now