မင်းကပါ ကိုယ့်ကို နာကျင်စေခဲ့ရင် ❣️❣️

476 15 0
                                        

Alex အပြောကြောင့် စာကြည့်စားပွဲခုံတွင် ထိုင်နေရာမှ ထကာ အခန်းအပေါက်ဝဆီသို့ရောက်လာခဲ့သည်။

Alex - " လူလိုသူလို အိမ်ရှေ့တံခါးကနေ မဝင်တတ်ဘူးလား JJ ? ဒီတခါ နောက်ဆုံးပဲ ဖြစ်ပါစေ "

Alex , JJ ကို ဆူရင်း စာကြည့်စားပွဲခုံပေါ်သို့ ထိုင်ချလိုက်သည်။ JJ တစ်ယောက် မှန်ပြတင်းပေါက်နားသို့ လျှောက်သွားပြီး ခန်းစီးမှတစ်ဆင့် အပြင်သို့ တပိုင်းတစကြည့်ရင်း Alex ကို လှမ်းပြောလိုက်သည်။

JJ - " ကျွန်တော်သာ ဒီလို ခိုးဝင်မလာရင် အခုလိုမျိုးနှစ်ယောက်သားရဲ့ အချိန်ကောင်းလေးတွေ ကို မကြုံလိုက်ရပဲ ဖြစ်သွားမှာပေါ့ အဟဲ ! "

Alex - " ဒီ.... ဖေ ဒီနေ့ကိစ္စက ထူးခြားလို့လား လူကိုယ်တိုင်တောင် လာတယ်ဆိုတော့ လာပြီးမှတော့ ပြောပါ JJ ငါ့ကို အားနာမနေနဲ့"

JJ - " ဒီလောက် လူကဲခတ်တော်တဲ့ Alexက ဘာလို့အာ့တာကိုကျ မမြင်နိုင်တာလည်း ?? ငါအခုပြောမယ့် စကားကို သူခံနိုင်ရည်ရှိပါ့မလား?? "

ခန်းစီးနားမှာ မတ်တပ်ရပ်နေရင်း တယောက်ထဲ တတွက်တွက်ပြောနေသည့် JJ ကိုကြည့်ရင်း..  Alex သက်ပြင်းကိုချပြီး...

Alex- " နင့် အာ့လို ကိုယ့်ဖင်ကိုယ်ကြားရုံပဲ ပြောနေအယ်ဆို ငါ့ဆီကို ဘာကိစ္စ ခိုးဝင်နေသေးတုန်း ဟူး !ငါစိတ်တွေတော်တော်ရှည်နေပြီနော် JJ ။ အာ့တာကြောင့် ငါစိတ်မတိုခင် မြန်မြန်သာ ပြောလိုက်ပါတော့ဟ... !!!!!"

ခုံမှာထိုင်ကာ လက်တစ်ဖက်ဖြင့် နားထင်ကို ထောက်ထားရင်း စိတ်မရှည်တော့သည့်ဟန်ဖြင့် ပြောနေသည့် Alex ဆီသို့ JJ လျှောက်သွားပြီး Alex မျက်နှာကို လက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ Alex မျက်လုံးကို သေချာစိုက်ကြည့်ရင်း

JJ - " Boss ! Merry က Boss (Alex)အတွက် ဘယ်လောက်အရေးပါလည်း ?? "

Alex - " ချီး! သောက်ရမ်းကြီးကပ်ပြီး မေးစရာလား ဖယ်စမ်း "

JJ - " ရင်ဖိုသွားလို့လား အ!! ခေါင်းကို မရိုက်နဲ့လို့ ဆံပင်ပုံသွင်းထားရတာ ဗျ "

Alex - " ချီး ကို ရင်ဖို !! ငါ့relationship ကို ဘာကိစ္စသိချင်ရတာလည်း ဒီနေ့စုံစမ်းတာမှာ အာ့တာက အရေးပါလို့လား? အာ့အတွက်တော့မပူပါနဲ့  ငါလည်း ခန့်မှန်းထားပြီးသားပါ Merryလည်း ပါဝင်ပတ်သက်နေမယ်ဆိုတာကို။ အာ့တာကြောင့် စိုးရိမ်မနေနဲ့ ပြောစရာရှိတာ ပြောပါ။"

Why Can't I hold youWhere stories live. Discover now