ပြောချင်တိုင်းသာ ပြောလို့ရခဲ့ရင် ဒီလိုနာကျင်ရမှာမဟုတ်ဘူး

399 16 0
                                    

President ရုံးခန်းထဲမှ ထွက်လာသည့် လူတစ်ယောက်ကြောင့် Alexတစ်ကိုယ်လုံး ချွေးစေးများပြန်လာသည်။
ကြောင်ပြီး ရပ်နေမိသော Alexကို တဖက်လူမှ တိုက်ပြီး ဖြတ်လျှောက် သွားသည်။ Alex အသိပြန်ဝင်လာချိန်တွင် အဝေးရောက်နေသော ထိုလူနောက်ကို အပြေးလေးလိုက်သွားမိသည်။ ရုံးခန်း ကော်ရစ်တာ အဆုံးက ဓာတ်လှေကားရှေ့တွင် ဓာတ်လှေကားစောင့်နေသော ထိုလူကို တွေ့လိုက်သည်။ ထိုလူအနားကို သွားလိုက်ပြီး ပွင့်လာသော ဓာတ်လှေကားထဲကို ထိုလူကိုပါ ဆွဲပြီး ပြေးဝင်လိုက်သည်။ ဓာတ်လှေကားထဲသို့ အရောက်တွင် သွားမည့်နေရာသို့ ဓာတ်လှေကား ခလုတ်ကို နှိပ်ပြီး Alexသတ်မှတ်လိုက်သည်။ ၂၅ လွှာ ( ခေါင်မိုးထပ် ရုံးပန်းခြံ)

၂၅ လွှာသို့ အရောက်တွင် ထိုလူမှ သူ့ကို ဆွဲထားသည့် Alexလက်တွေကို ဖြုတ်ချလိုက်သည်။ Alex အသိစိတ်ကို သေချာကပ်ပြီး လက်ကို နောက်သို့ရုပ်လိုက်သည်။ ထိုသူကို ကြည့်ရင်း ပြောလိုက်သည်။

Alex- "ဒီကို ဘာလာလုပ်တာလည်း??....... ကိုကို!"

Khaid (Alex's Brother) -" ငါက ဘာလို့ ပြောစရာလိုမှာလည်း ငါလာချင်လာမယ် သွားချင်သွားမယ် ငါ့အဖေ တည်ထောင်ခဲ့တဲ့ Company ပဲ အခုထိလည်း ဂုဏ်ထူးဆောင် ရှယ်ယာရှင်အနေနဲ့ ရှိနေတုန်းပဲလေ.. "

Alex- "ဒီကို ထပ်မလာပါနဲ့တော့....  ညီမတစ်ယောက်အနေနဲ့ ပထမဆုံးတောင်းဆိုတာပါ.. ကိုကို.... "
Alex စကားမဆုံးသေးခင်မှာတင် သူမပါးအပေါ်သို့ ကိုကို့ (Khaid) ရဲ့ လက်ဝါးက ပြင်းပြင်းထန်ထန် ကျရောက်လာသည်။

Khaid- " နင်က ရွံဖို့ကောင်းတယ်"

Alex- "Thank , ကြိုးစားစရာမလိုပဲ ဒီလိုဖြစ်နေလို့.."
(သူမ အရမ်းမကြိုးစားရပဲ သူများအမြင်မှာ သူမကရွံဖို့ကောင်းနေတာကို ပြောတာပါ)

သူမကို ရွံစရာသတ္တဝါ တစ်ကောင်လို့ ကြည့်တဲ့ ဒီလိုမျိုး အကြည့်တွေကို သူမကိုကို ဆီကတင်မဟုတ် သူမတို့တမျိုးလုံးအပြင် ပတ်ဝန်းကျင်က လူတွေဆီက ကြည့်ခံနေကျဖြစ်ရျ် ခံနိုင်ရည်နေပြီ ဖြစ်သော်လည်း..  အခုလို မျိုး ပါးကိုတော့... .....  Alex သူမပါးကို ကိုကိုရိုက်လိုက်သည့် အရှိန်ကြောင့် နှုတ်ခမ်းဖျားမှ စို့လာသော သွေးစများကို သုတ်လိုက်ရင်း မေးခွန်းထုတ်လိုက်သည်။

Why Can't I hold youWhere stories live. Discover now