Jozet ဆေးရုံကိုရောက်တော့ သူ့အဖေရှိရာ လူနာခန်းဆီသို့ တန်းလျှောက်လာခဲ့သည်။ တံခါးဖွင့်ပြီး အထဲကို ဝင်လိုက်စဉ်........ ကုတင်ပေါ်တွင် သူ့အဖေ ရှိမနေပဲ ကုတင်ကို ခေါင်းအုံးစောင်အသစ်လဲလှယ်ပေးနေသော သန့်ရှင်းရေး အဒေါ်ကြီးတစ်ယောက်ကိုသာ တွေ့လိုက်ရသည်။
Jozet - " ဒီကုတင်က လူနာအမျိုးသားကော ? "
သန့်ရှင်းရေး - " မသိဘူးလေ ဆေးရုံဆင်းသွားတာနေမှာပေါ့ ဒီကုတင်က လူနာဆေးရုံဆင်းသွားလို့သာ ဒီနေရာကို ကျွန်မလာပြီး သန့်ရှင်းလုပ်တာပေါ့ ဒါနဲ့ သားက ဘယ်သူတုန်း?"
Jozet - "လူနာရှင်"
သန့်ရှင်းရေး - " အိုး!!!"
Jozet ဆေးရုံကနေ အပြေးလေးထွက်လာခဲ့သည်။ လက်တစ်ဖက်မှ ဖုန်းကိုကိုင်ရင်း နံပါတ်တစ်ခုကို နှိပ်လိုက်သည်။
📲📲📲📲📲 တူ ! တူ!!! " Hello!"
Jozet - " အမAlex! ကျွန်တော်ပါ ! "
Alex (Charm) - " အင်း Jozet ဘာများဖြစ်လို့လည်း ??"
Jozet ဖုန်းကို ကိုင်ထားရင်း တစ်ဖက်မှ အမေးကို မဖြေပဲ ခေတ္တမျှ နှုတ်ဆိတ်နေမိသည်။ ထိုစဉ် သူ့ဖုန်းထဲသို့ Message တစ်စောင်ဝင်လာခဲ့သည်။
Jozet message ပို့သူကို တစ်ချက်ကြည့်လိုက်ပြီး Alexနဲ့စကားစဖြတ်လိုက်သည်။
Alex - " Jozet ! Hello! ဘာဖြစ်လို့လည်း Hello!!"
Jozet - " အာ မဟုတ်ပါဘူး ဒီအတိုင်း လမ်းမှာ အမနဲ့တူတဲ့သူကို တွေ့လိုက်မိသလို ရှိလို့ အမများလားလို့ လှမ်းခေါ်လိုက်တာပါ နေကောင်းရဲ့လား အမAlex ??"
Alex - " ဟုတ်လား? အင်း ကောင်းပါတယ် ပို့သတဲ့မေတ္တာတွေကြောင့်.. ဒါဆို အမဖုန်းချလိုက်ပြီနော်"
Jozet - " ဟုတ်ကဲ့အမ အလုပ်များတဲ့လူကို နှောင့်ယှက်မိလို့ တောင်းပန်ပါတယ် ဒါပဲနော် ခင်ဗျ"
Message တွင်ပါသော အကြောင်းရာကြောင့် သူဒီနေရာကို လာခဲ့ခြင်းဖြစ်သည်။
Jozet - "ဥက္ကဌကြီး ! "
Chairman (Merry's Father) - " မင်းကို တောင်းပန်ပါတယ် Jozet, ငါလည်း သတိလွတ်သွားလိုက်မိတယ် စောင့်ကြည့်နေတဲ့ကောင်တွေကိုလည်း ကောင်းကောင်းဆူထားပြီပါပြီ ပြီးတော့ မင်းအဖေကိုလည်း ငါရအောင်ပြန်ရှာပေးပါ့မယ် Alexတို့ ဘယ်မှာဖွတ်ထားလည်းဆိုတာကိုလည်း အမြန်သိရအောင်လုပ်ပေးပါ့မယ် "
YOU ARE READING
Why Can't I hold you
Любовные романы#Yuri#Girllove#Romance#Drama#Love#🔞alittle warning#TeenFiction#🌈 #GirlloveGirl #Girl x Girl #Lesbian#Lesbianlove#Lovehasenogender#Koo#❤️❤️ (Unicode+Zawgyi )
