သူမက အေးစက်တည်ငြိမ်ပေမယ့် ငါ့အတွက်ဆို နွေးထွေးပေးပြီး အရူးလိုပဲအမြဲပြုံးပြတယ်💜

483 29 0
                                    

{တချို့အရာတွေက မေ့သွားတတ်ကြတယ်။ တချို့ကတော့ မေ့မရခဲ့ဘူး......... တချို့လူတွေက သေဆုံးသွားကြတယ်။ တချို့ကတော့ အသက်ရှင်ကျန်ရစ်ကျတယ် နာကျင်စွာနဲ့ပေါ့........💔}

"မေမေ , သမီး ပင်ပန်းနေပြီ မေမေ ဒီလိုလေး မေမေပေါင်ပေါ်လေးမှာပဲ လှဲနေချင်တယ်။ "

"Alex ! သမီးကြောက်နေလား ငါ့သမီးလက်တွေက အေးစက်နေတယ်။"

"သမီး ကြောက်တယ်လို့ ပြောရင် မေမေသမီးကို စိတ်ပျက်သွားမှာလား ဟင်မေမေ??"

"----------------------"

"မေမေ?? မေမေ မကြားရဘူး မေမေပြောတာကို မေမေ မသွားပါနဲ့ သမီးကို ထားမသွားပါနဲ့ သမီးတောင်းပန်ပါတယ်😭😭😭😭😭😭"

Merry မှေးခနဲ အိပ်ပျော်သွားမိသည်။ သူမဘေးမှာ Alex ရဲ့ အော်သံကြောင့် နိုးလာခဲ့ပြီး Alexကိုကြည့်မိတော့ အိပ်ပျော်ရင်းအိပ်မက်ယောင်နေပုံရသည်။

"Alex? အိမ်မက်ဆိုးတွေ မက်လို့လား တအားနာကျင်ရလား အိပ်မက်က ?? ပေပီ ဒီလိုမျိုးလေး Alexရဲ့ လက်ကို ဆုပ်ကိုင်ထားပေးမယ်နော်😊 Alex က အပြင်မှာလည်း ကြံ့ခိုင်သန်မာတယ်ဆိုတော့ အိပ်မက်ဆိုးမက်ရင်လည်းအိပ်မက်ထဲမှာကြံ့ကြံ့ခိုင်နိုင်မှာပါ ။ "

Merry, သူမဘေးမှာ အိပ်မက်ဆိုးမက်နေတဲ့ Alex လက်ကလေးကို ဆုပ်ကိုင်ပေးထားပြီး , Alex ခေါင်းလေးကို ငြင်သာစွာပွက်သပ်ပေးပြီး စကားနဲ့အားပေးနေမိသည်။ ထိုစဉ် အပြင်မှ ပန်းကန်သံကြောင့် Merry အခန်းအပြင်ကို ထွက်လာခဲ့သည်။

"ချလောက်(တံခါးဖွင့်သံ) ရှပ် ရှပ် ( အခန်းအပြင်ကို လမ်းလျှောက်သံ) Hello!"

"အိုး မင်းနိုးသွားတာလား Sorry ပါ ကိုယ် ဗိုက်ဆာလာတာနဲ့ မင်းကော တခုခုစားအုန်းမလား??"

Merry ထမင်းစားခန်းထဲသို့ ဝင်သွားပြီး ထိုင်ခုံပေါ်မှာထိုင်လိုက်ပြီး
"ရေတခွက်လောက်ပဲ ပေးပါ "

"အိုကေ ဒါနဲ့ မင်းကို ဘယ်လိုခေါ်ရမလည်း??"

Lewis ထမင်းစားစားပွဲ ထိုင်ခုံပေါ်လာထိုင်နေတဲ့ Merry ကို ရေထည့်ထားတဲ့ ရေခွက်ကို လှမ်းပေးလိုက်ပြီး မေးလိုက်သည်။
"Merryလို့ခေါ်လို့ရပါတယ် ။ သူ့ရဲ့ ညီမပါ။ ခုနက ရိုင်းပြမိတဲ့အတွက်လည်း တောင်းပန်ပါတယ် ဒါနဲ့ ဒီဘက်ကကော မမနဲ့ ဘယ်လိုပတ်သက်နေတာလည်း??"

Why Can't I hold youWhere stories live. Discover now