တရားရုံးတစ်ခု လူပေါင်းများစွာ ကြိတ်ကြိတ်တိုးရောက်ရှိနေကြသည်
မီဒီယာ သတင်းသမားများလည်း နေရာယူထားကြသည်။
ကားတစ်စီးထိုးစိုက်လာပြီး နောက် လူတွေရုတ်ရုတ်သဲသဲဖြစ်သွားကြသည်
"ဟဲ့ ဟဲ့ လာပြီ လာပြီ သက်သေ "
"ဟယ် ဟုတ်လား ဒီနေ့က နောက်ဆုံးမလား
"အေး အာ့သက်သေက အသတ်ခံရသူထဲက တစ်ယောက်တဲ့ ဆေးရုံမှာရောက်နေတာလေ"
"အမလေး အရေးကြီးဆုံးက တရားခံရဲ့ သမီးအရင်းတဲ့"
"ဟယ် အို ကံကြမ္မာကလည်းဟယ်"
ကားအမည်းပေါ်မှ ဆေးရုံ ဝတ်စုံဝတ်ဆင်ထားတဲ့
သတင်းထောက်တွေ ဝိုင်းအုံပြီး တယောက်တပေါက်မေးကြသည်မှာ ဆူညံသွားတော့သည်
လူနာရဲ့ဘေးမှ လူလတ်ပိုင်းအမျိုးသားတစ်ဦးမှ
အောင်မြင်ပြတ်သားသောအသံဖြင့် ပြောကြားလိုက်မှ လူအုပ်ကြီးငြိမ်သွားသည်
"အားလုံးကို မေတ္တာရပ်ခံပါတယ် လူနာက ဒီထိတ်လန့်စရာအဖြစ်ဆိုးကြီးမှ ကံကောင်းစွာ လွတ်မြောက်လာသော်လည်း သူ့အနေနဲ့ လူရောစိတ်ရော အားနည်းထိခိုက်နေတာကို လက်ခံပြီး စာနာစွာမေးမြန်းပေးကြပါ"
"အဓိကသက်သေတင်သွင်းစေ" တရားသူကြီးမှ အမိန့်ချလိုက်သည်နဲ့
ဖြူဖျော့ပြီး ယောကျာ်းလေးပုံစံပေါက်နေသော မိန်းကလေးငယ်လေးတစ်ယောက်ဝင်ရောက်လာသည်
"သက်သေနေရာမှထိုင်လိုက်ပြီး ရှေ့နေမေးသမျှကို တည်ငြိမ်စွာဖြေကြားနေသည် တရားခံဘက်ကိုတစ်ချက်မျှမကြည့်
တရားလိုရှေ့နေ "သက်သေ! သက်သေသည် တရားခံရဲ့သမီးဆိုတာ ဟုတ်ပါသလော"
"အမှုနဲ့ဆိုင်တာသာ မေးမြန်းပေးစေလိုပါတယ် " "သမီးရဲ့ စိတ်အခြေနေကို ထည့်တွက်ပေးပါ"တရားကြည့်ပရိသတ်ထဲမှ သက်သေကိုခေါ်ဆောင်လာသော အမျိုးသားမှ ပြောဆိုလိုက်သည်"
"ဟုတ်ပါတယ် သူ့သမီးပါ"သက်သေမှဖြေဆိုလိုက်သည်
"သူ့သမီးဟုတ်သလို့ သူ့သတ်ခဲ့တဲ့ မိသားစုမှ နောက်ဆုံးအသက်ရှင်ကျနါသူလည်းဖြစ်ပါတယ်"
နာနာကျည်းကျည်းထွက်ဆိုလိုက်သည်
YOU ARE READING
Why Can't I hold you
Romance#Yuri#Girllove#Romance#Drama#Love#🔞alittle warning#TeenFiction#🌈 #GirlloveGirl #Girl x Girl #Lesbian#Lesbianlove#Lovehasenogender#Koo#❤️❤️ (Unicode+Zawgyi )
