Problem Finding🧐🧐🧐

459 22 0
                                        

"တင်းတောင်!!!!!"

"မမလေး Charm ပြန်လာတာပါ ဆရာကတော်"

"အိုး Charm ပြန်လာပြီလား သမီး "

"ဟုတ်ကဲ့ "

ထိုစဉ် Uncleနဲ့ အတူ Merry စာကြည့်ခန်းထဲမှ ထွက်လာသည်ကို Alex(Charm) မြင်လိုက်ရသည်။ ဆေးရုံမှာတုန်းက ဦးလေးကြီးပြောခဲ့တဲ့ စကားက သူမ အတွေးထဲပြန်ရောက်လာသည်။

💭မမလေးကို တမင်မရှိအောင် အာ့နေရာက ဖယ်ထုတ်ထားခဲ့တာ တမင်ရည်ရွယ်ချက်ရှိရှိ မမလေး💭💭💭

"Charm ဒီနေ့ အိမ်ပြန်နောက်ကျပါ့လား ရုံးဆင်းသွားတာကြာပြီဆို တနေရာရာ သွားနေတာလား??"

Uncle က သူမဆီလျှောက်လာရင်း မေးလိုက်တဲ့စကားသံကြောင့် အတွေးစတို့ပြတ်သွားပြီး Uncle သံသယ မဝင်စေရန်........

"ဟုတ် Lewist ဖုန်းဆက်တာနဲ့.... "

"အိုး ဟုတ်လား ကောင်းပါတယ် တစ်ယောက်နဲ့တစ်ယောက် အခုလိုအဆက်သွယ်ရှိနေကြတာ အခန်းကိုသွားပြီးနားတော့လေ.... "

"ဟုတ်ကဲ့ Uncle , တီဒါဆိုသမီး အခန်းဆီတတ်သွားတေယ့မယ်နော် ညစာကညစားခဲ့ပြီးသားမလို့ပါ"

"အင်းအင်း သမီးလေး "

Alexအိမ်ပေါ်ထပ်ကို တတ်သွားသည့်အချိန်ထိ Merry စကားတခွန်းမှ ဝင်မပြော/သူမကိုလည်း မကြည့်ပဲ Uncle အနောက်မှာရပ်နေသည့် ပုံစံက Alexကို စိတ်အနှောက်ယှက်ဖြစ်စေသည်။

အခန်းတံခါးကို ပိတ်လိုက်ပြီးသည်နှင့် ရေချိုးခန်းထဲတန်းဝင်ကာ လန်းဆန်းသွားအောင် လုပ်လိုက်သည်။ ခေါင်းကို ပဝါနဲ့ခြောက်အောင်တောင် မသုတ်နိုင်တော့ပဲ ကုတင်ပေါ်ကို လှဲချလိုက်သည်။

"ဒီနေ့ ဒီအခန်းမှာ နောက်ဆုံးအိပ်ရမှာပဲ 🙂Merry ကိုကော ပြောပြသင့်သလား ဒီကောင်မလေး ဟိုတခါLewist အိမ်မှာ ဖြစ်ခဲ့တဲ့ ကိစ္စပြီးတဲ့နောက်ပိုင်း   ဝေးနေသလိုပဲ တစ်အိမ်ထဲနေပြီး ဝေးနေတယ်လို့ ခံစားနေရရင် ငါကွန်ဒိုမှာများပြောင်းနေရင် တကယ်ဝေးသွားကြမှာလား 😏ဟင်း ဒါလည်းကောင်းပါတယ်လေ ဝေးမယ့်အတူတူ ဝေးပါစေတော့🙂🙂"

Alex(Charm) တွေးရင်းနဲ့ အိပ်ပျော်သွားမိသည်။ လက်နွေးနွေးလေးတွေက သူမခေါင်းကို ပွတ်သပ်ပေးနေသည်။ ပြီးတော့ အိပ်ပျော်နေတဲ့သူမကို ရည်ရွယ်ပြီး လေသံတိုးတိုးလေးနဲ့စကားတွေပြောနေသည်။

Why Can't I hold youWhere stories live. Discover now