နာကျင်စေခဲ့ရင်တောင် ချစ်လွန်းလို့ သူ့ကိုပဲတောင့်တနေမိတာမျိုး 🚫

518 21 0
                                        

Merry ကုတင်ပေါ်တွင် တစ်ညလုံးငိုထားရျ် ခေါင်းအုံးတစ်ခုလုံး မျက်ရည်များဖြင့်စိုရွှဲနေသည်။ ရေချိုးခန်းထဲ ငိုရသွားပြီး ရေချိုးလိုက်မှသာ ဖောင်းအစ်နေတဲ့ မျက်လုံးတွေ အယောင်လျော့သလိုဖြစ်လာပြီး လူလည်းနေလို့ကောင်းလာသည်။

အခန်းထဲမှ ထွက်လာခဲ့ပြီး... Alex အခန်းဘက်ကို သွားကာ အခန်းပေါက်ဝရှေ့ရပ်ရင်း ဝင်သင့် မဝင်သင့်တွေဝေနေရင်းနဲ့ပဲ အခန်းတံခါးကို သူမလှည့်ဖွင့်လိုက်သည်။

" ဟင် မနေ့က ပြန်မလာဘူးလား??"

Merry အိမ်အောက်ထပ်ကို ဆင်းလာခဲ့ပြီး အိမ်ထဲကို လှည့်ပတ်ရှာကြည့်မိသည်။ မီးဖိုချောင်တွင် အလုပ်လုပ်နေသော အန်တီတစ်ယောက်နှင့် အိမ်ရှေ့ ဧည့်ခန်းတွင် ဖုန်သုတ်နေသော အမတစ်ယောက်သာ ရှိနေပြီး အိမ်က တိတ်ဆိက်နေသည်။ Merry လှေကားမှ ရပ်ပြီး ကြည့်နေသည်ကို ဧည့်ခန်းမှ သန့်ရှင်းရေးလုပ်နေသည့် အမက မြင်လိုက်သည့်အတွက် အနားရောက်လာကာ

" မမလေး နိုးပြီလား ရှင့် ဆရာကတော်ကတော့ အဘိဓမ္မာသင်တန်း သွားပါတယ်ရှင့် ဥက္ကငှ ကတော့ ခြံထဲမှာ ရှိနေပါတယ်..."

" အော် ဟုတ်ကဲ့ ဒါနဲ့ ဟို ဟိုလေ အမကော မနေ့က ပြန်မလာဘူးလား??"

" ဟုတ်ကဲ့ ပြန်လာသံတော့မကြားပါဘူးရှင့် Director က တိတ်ဆိတ်နေတတ်တော့ သူ့အကြောင်းတွေကို ဆရာကတော်တို့မှ သိမှာဆိုတော့လေ "

" ဟုတ် ရပါပြီ လုပ်စရာရှိတာ ဆက်လုပ်ပါ Merry ခြံထဲသွားလိုက်မယ်"

" ဟာ သမီး Merry နိုးပြီလား ကော်ဖီသောက်အုန်းမလား?? လာလေ လာ ရတယ် သူက ပြန်တော့မှာ "

Merry ခြံထဲ ရောက်သွားချိန်တွင် သူမ အဖေသည် လူတစ်ယောက်နဲ့ ထိုင်ကာ စကားပြောနေသည်ကို တွေ့လိုက်ရသည့်အတွက် Merry ပြန်လှည့်ဖို့လုပ်လိုက်သည်။ သူမကိုတွေ့သွားသည့် ဖေဖေက လှမ်းခေါ်သည့်အတွက် Merry စကားပြောနေသည့် နေရာကို လျှောက်သွားလိုက်သည်။ ဖေဖေနဲ့ စကားပြောရျ် ပြီးဆုံးသွားပုံရသော လူသည် ထိုင်ရာမှ ထပြီး ပြန်ဖို့ ပြင်လိုက်သည်။ ထိုသူကို မြင်တော့.... Merry မယုံနိုင်အောင်ပင်

Why Can't I hold youWhere stories live. Discover now