Eye for an Eye💢

418 25 0
                                        

ဆေးရုံသို့ ရောက်ပြီး ဆရာဝန်မှ ဆေးထည့်ပေးကာ ပြန်သွားပြီးနာက် Merry လက်ကို ဆုပ်ကိုင်ထားရင်း

Alex - " ကိုကို.. ကျေးဇူးတင်ပါတယ်"
Khaid - "မလိုဘူး။ ကိုယ့်ဘာသာ နားတော့ အာ့ဆွဲတဲ့လက်ကိုလည်း လွှတ်လိုက်တော့။"

သူမအကိုပြောလိုက်တဲ့ စကားကြောင့် Merryပြာယာခတ်သွားပြီး အမြန်သူမ လက်ထဲမှ လက်ကို ပြန်ရုပ်နေသည်ကို Alexတင်းတင်းပြန်ဆုပ်ကိုင်လိုက်သည်။

Alex - "Alex ရဲ့ ရွေးချယ်မှုကို လက်ခံပေးပါ ကိုကို။ လက်မခံဘူးဆိုတောင် ညီမလေးကတော့ "
Khaid - "ကျွတ်စ်... ကဲပါ ဟုတ်ပါပြီ။ ခေါင်းက ပတ်တီးလည်းအားနာပြီး နားလိုက်ပါတော့။ Merry မလား? ညီမလည်း ခဏနားအုန်း။ ငါပြန်တော့မယ် Alex"

ကုတင်ပေါ်လှဲရန်ပြင်နေစဉ် ကိုကို့ရဲ့ ပြန်တော့မယိဆိုသည့် စကားကြောင့် Alexခေါင်းပြန်ထောင်လာပြီး..

Alex - "ဟင်? ပြန်တော့မှာလား?"

Khaid - "မပြန်လို့ ငါက နင်တို့တွေ အာ့လို ပလူးနေတာကို ထိုင်ကြည့်နေရမှာလား? ထားလိုက်တော့ နားတော့ .. အဟင်း..ငါလာချင်စိတ်ရှိရင်  ညနေ.. မှပဲဖြစ်ဖြစ် လာခဲ့မယ်။"

Alex - "အိုကေ!"

Khaid - "စပ်ဖြဲဖြဲနဲ့ .... ယောကျာ်းလိုလို မိန်းမ လိုလိုနဲ့.."

ပွစိ ပွစိ ပြောရင်း လူနာခန်းထဲမှ ထွက်သွားသော သူမအကိုကို လိုက်ကြည့်နေရင်း Alexပြုံးနေမိသည်။ ကုတင်ဘေးတွင်တော့ သူမလက်ကို ကိုင်ထားတဲ့ Merry.. သူမကို မကြည့်ပဲခေါင်းကိုအောက်စိုက်ထားသော Merry ကို ကြည့်နေရင်း..

Why Can't I hold youWhere stories live. Discover now