Extra Part

962 32 8
                                    

မင်္ဂလာဆောင်ဧည့်ခံပွဲတစ်ခု.... တော်ရုံပွဲတွေဆို သူမငြင်းလေ့ရှိပေမယ့် ဒီပွဲကတော့ သူမအချစ်ဆုံးသူငယ်ချင်းရဲ့ မင်္ဂလာပွဲလေးဖြစ်သည့်အတွက် Merry လာခဲ့ခြင်းဖြစ်သည်။ ပွဲသို့ သူမရောက်သွားချိန်တွင် ...

Jasmine - "ရား!! Merry !! ရား!! ဝမ်းသာလိုက်တာဟယ် ဟင် ဒီမျက်ခွက်ကြီးမတွေ့ရတာကြာပါ့ကော..အမလေးလာပါ လာပါ ဟိုမှာ ရှင့်ကိုစောင့်နေကြပြီ.."

သတို့သမီးမိတ်ကပ် ပြင်သည့်အခန်းထဲသို့ ရောက်လျှင် ထိုင်မသိမ်းကိုဝတ်ဆင်ထားပြီး အဆင့်သင့်ဖြစ်နေသော သတို့သမီးက သူမကိုပြုံးကာကြည့်ပြီး ဖက်လိုက်သည်။

Merry - "Congratulaion Sara! နင် အရမ်းကိုကျက်သရေရှိပြီးလှပနေတာပဲ။"

Sara - "ကျေးဇူးလို့ ငါမပြောချင်ဘူးဟာ သူစိမ်းဆန်တယ်လို့ ခံစားရလို့။ ဘာပဲဖြစ်ဖြစ် ငါ့မင်္ဂလာပွဲကိုတော့ လာပေးလို့ အရမ်းရမ်းကို ကျေးဇူးတင်ပါတယ် Merry"

သူမတို့နှစ်ယောက်ဆီ Jasmine ပြေးဝင်လာပြီး သိုင်းကာဖက်လိုက်သည်။

Jasmine - "အား!! ငါမျက်ရည်တောင်ဝဲလာပြီ ဘယ်လောက်တောင်ကြာခဲ့ပြီလည်း? ငါတို့သူငယ်ချင်းတွေ ဒီလိုမဖက်ရတာ ..Merry နင်ဒီနေ့ Wedding Dinner အထိ နေပေးရမှာနော် လစ်သွားဖို့မစဉ်းစားနဲ့"

Merry - "ငါ....."
Sara - " နင်ကလည်း မငြင်းပါနဲ့ဟာ ညအထိနေသွားပါ။ မနက်ဖန်လည်း ရုံးပိတ်ရက်ပဲကိုနော်.. "

Merry - "အေးပါ ဟုတ်ပါပြီ သွားပါ သတို့သမီးကို ခေါ်နေပြီမလား? သွား ပွဲပြီးမှ တွေ့ကြမယ်။"

Dinner ပြီးသည့်အချိန်က ည ၁:၀၀ ကျော်လောက်ဖြစ်သွားသည်။ သီချင်းတွေ အော်ဆိုကခုန်နေကြသော နေရာမှ Merry တိတ်ဆိတ်သည့်နေရာတစ်ခုသို့ ခဏထွက်လာလိုက်သည်။ ထိုစဉ် သူမဆီသို့

Why Can't I hold youWhere stories live. Discover now