မပြိုလဲပါနဲ့ Alex !

371 16 0
                                        

Charm(Alex) - " ရှင် ကျွန်မကို ဘာလို့စိတ်ဝင်စားတာလည်း Lewist ? ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်မသိသလောက် ရှင်က မိန်းကလေးတွေကို မကြိုက်ဘူးမလား? ဒါကြောင့်လည်း ဒီလက်ထပ်ပွဲကို ခေါင်းငြိမ့်ခဲ့တယ်လို့ ယူဆခဲ့တာ ကျွန်မများ မှားသွားပြီလား ??"

သူရှေ့မှာ ထိုင်လျက် သူ့ကိုကြည့်ပြီးမေးလိုက်တဲ့ Charm(Alex) ရဲ့ စကားကြောင့် ပန်းကန်ထဲမှ ခွာလျက်စ ပုစွန်ကို Charm(Alex) ပန်းကန်ထဲ ထည့်ပေးရင်း..  Lewist , Charm(Alex) အမေးကို ဖြေလိုက်သည်။

Lewist- " ဘယ်လိုလည်း ကိုယ့်အပေါ်ကို အခုတော့ စိတ်ဝင်စားမှု ရှိလာပြီပေါ့ Charm(Alex).... အင်း ကိုယ့က ယောက်ျားလေးမလို့ မိန်းကလေးပဲ တွဲရမယ့်ဆိုတဲ့ အတွေးမျိုးတော့မရှိပေမယ့် လုံးဝကြီး မိန်းကလေးတွေနဲ့ မတွဲတာလည်းမဟုတ်ပြန်ပါဘူး...  ပြောရရင် အခုထိ ကိုယ့်ရဲ့တိမ်းညွှတ်မှုကို မသိသေးဘူးပဲပြောရမလား ?? Innocent လေးလို့ပဲပြောရမလား Charmဘယ်လိုထင်လည်း?"

Charm(Alex) , ခက်ရင်းကို ပန်းကန်ပြားပေါ်တွင် လှည့်ရင်း သူမအမေးကို ဖြေလိုက်သည့် Lewist စကားကို.....  သူမပန်းကန်ထဲမှ အခွံခွာထားတဲ့ ပုစွန်ကို ပါးစပ်ထဲထည့်ရင်း တုံ့ပြန်လိုက်သည်။
Charm(Alex) - " ရှင်က အမည်မတပ်တတ်သေးလို့ ကျွန်မကို မေးတယ်ဆိုတော့လည်း ကူညီပေးရတာပေါ့ တကယ်တော့ Innocent ဆိုတာထက် ဘာလာလာဒေါင်းတဲ့လူ လို့ပြောရင် လုံးဝ လိုက်ဖက်တယ် ကွက်တိပဲ ရှင်နဲ့ ဟင်း ဟင်း....  ဒါပေမယ့် အာ့ထဲမှာမှ ရှင့်ညီလေး Christ ကတော့ လုံးဝချွင်းချက်ပေါ့ သူကတော့ Lewistရဲ့ Special ပေါ့"

Lewist- " Christ က ကိုယ်နဲ့ သွေးသားမတော်စပ်ပေမယ့် ကိုယ့်ညီလေး လို့ပဲသဘောထားတာပါ ။ ကိုယ့်လိုအပ်ချက်ကြောင့် သူ့မှာ မကျေနပ်ချက်တွေ ရှိပေမယ့်လည်း သူကအမြဲ ကိုယ့်အတွက် အရေးပါတဲ့ ညီလေးပါ သူ့ကိုတော့ လွတ်လပ်မှုပေးချင်တယ်။"

Charm(Alex) - "အဟား စားပြီးနားမလည်ပေါ့ ရှင်က? သူ့ကို ပျော်စေချင်တယ်လည်း ပျော်တယ်။ အခုသူမပျော်နိုင်တာက ရှင့်ကြောင့်ဆိုတာကော သိရဲ့လား အကိုကြီးရဲ့... ကျွန်မကို ဝင်စွတ်ဖက်တယ်လည်း မထင်ပါနဲ့.. ကျွန်မတို့ Company ရဲ့ Main Character ကြီးက (Christ) အမြဲအလိုမကျ ပြသာနာရှာနေတော့ ကျွန်မလည်း အလုပ်တွေပိုရတော့ အဆင်မပြေလို့ ပြောပြတာပါ။ ပြီးတော့ကျွန်မကိုလည်း အလကားနေ ရန်လိုနေတော့ ပြောရဆိုရတာ တကယ်အဆင်မပြေလို့ ကျွန်မလည်း အခုလိုဝင်ပါရတာပါ။ ရှင်က ကျွန်မကို သဘောကျတယ်လို့ ထင်နေတာ... တာ..... "

Why Can't I hold youWhere stories live. Discover now