လွန်ခဲ့သော အတိတ်တွေဆီသို့

2.4K 118 0
                                    

"ဟိတ် ဆူပုတ်လေး " ခြံထဲမှာထိုင်နေသော

သူမကို ပြီတီတီလာလုပ်နေသော လူတယောက်

မကြားချင်ယောင်ဆောင်ရင်း လှည့်ထွက်ဖို့လုပ်တော့

"ဟိတ် ကိုယ်က ဒီနေ့Uncleဆီလာတာ ဖိတ်စာလေးပေးချင်လို့ရယ်ပါ "

​💭ဘာကိစ္စအာ့လောက် တောက်ပစွာပြုံးရယ်ပြနေတာလဲ

ကျွန်စ် မျက်စိကျိန်းလိုက်တာ 💭 တွေးရင်း ခြံဘေးက

ဘဲလ်ကို မေးငေါ့ပြလိုက်သည် "

အာ့တာကိုတီးလိုက်လေ"

"အို့ ဟုတ်သား ဆောတီးပဲ ကိုယ်ကတောကဆိုတော့ မသိလို့ ဟီးဟီး😅😂😂😂"

​အနက်ရောင်ဆံပင် ဂုတ်ထောက်လေးက ဝဲနေပြီး ပြုံးလိုက်တိုင်း ပေါ်လာတဲ့သွားတတ်လေးက

ငယ်သေးတဲ့သူမကိုတောင် ဆွဲဆောင်နေတယ် 😓
ဘုရားရေ 💭

အိမ်ထဲက ခြံတံခါးဖွင့်ပေးလိုက်သည် တပြိုက်နက်တည်း

ဖေဖေပါ အိမ်ထဲကထွက်လာသည် ပြုံးလို့ပါ့လား ဖေဖေက
"ဟာ ချောလာလိုက်တာ လာပါအုန်း Uncle ဆီကို "

သွားတတ်လေးနဲ့နှစ်လိုဖွယ်ပြုံးလေးနဲ့ သူက ဖေဖေဆီကို ပြေးသွားပြီး ဖက်ပြီး နှုက်ဆက်လိုက်သည်

Merry တွေးလိုက်မိသည် ငါကအာ့လိုမပြုံးလို့များ ဖေဖေက ငါ့ကိုမချစ်တာများလား

"Alex ဒါက ဦးသမီးလေ Merry Taylor တဲ့ "

သူ့ခေါင်းလေးကိုဖွဖွလေးပုတ်ရင်း"အင်း Alex ရိပ်မိတယ်

သူက uncleလိုပဲ တည်ကြည်တယ်"

ဖေဖေလိုပဲတဲ့ သူ့ဆံပင်လေးတွေကို
ခပ်ဖွဖွလေးထိကိုင်ထားတဲ့ သူ့လက်ကို ဖယ်လိုက်ရင်း

အကျယ်ကြီးအော်လိုက်သည်"မဟုတ်ဘူး မေမေနဲ့တူတာ😡"

"ဟား ဟုတ်ပါပြီ အသံကျယ်တာလည်း Uncle နဲ့တူတာပဲ"

Alex ဒီကောင်မလေးကို စချင်စိတ်ကထိန်းမရ😂😂

လူကောင်သေးသေးလေးနဲ့အကြည့်တွေက သေလောက်တယ်😂😂

"အာ့လိုပဲ သူက Uncle နဲ့အတူတူပြန်နေတာမကြာသေးလို့ စိမ်းနေသေးတာ လာအိမ်ထဲကို ဝင်အုန်း မုန့်တွေယူသွားအုန်း"

Why Can't I hold youWhere stories live. Discover now