[Unicode]
အေးစက်နေတဲ့နံရံတွေကြား ပိတ်မိနေပြီးတော့
နားထဲမှာ နွေးထွေးတဲ့ ခပ်တိုးတိုး ခေါ်သံလေးကြားနေရတယ်..။
သို့ပေမယ့် ကိုယ့်နာမည်မဟုတ်ဘူး...ဒါပေမဲ့လို့ အဲ့ခေါ်သံက ကိုယ့်ကိုခေါ်နေသလိုပဲ..။တဖြည်းဖြည်း ခေါ်သံကြားရဘက်ကိုလျှောက်သွားရင်းနဲ့
အလုံပိတ်အခန်းလိုနေရာမှာ...
သူ့ကိုကျောပေးပြီးရပ်နေတဲ့ လူတစ်ယောက်...။
ဖြူဖွေးနေတဲ့ သူ့အသားရည်ရှိပြီး မိမိထက်အရပ်အနည်းငယ်ပိုမြင့်နေသည်...။သူ့ ကိုယ်ခန္ဓာမှာ အထူးဆန်းဆုံးက ရှည်လျားလှတဲ့ အဖြူရောင်ဆံနွယ်တွေ...။
တိတ်ဆိတ်နေတဲ့အခန်းရဲ့ အနေအထားကို မိမိဘက်က
စဖျက်ဆီးလိုက်တယ်..။"ဟေ့လူ...ဒီမှာ..ကျွန်တော်ဘယ်ရောက်နေတာလဲ''
ထိုလူထံမှ သက်ပြင်းချသံကြားလိုက်ရသည်...
ပြီးတော့ သူက မိမိဘက်ကိုလှည့်လာတော့သည်..။မျက်နှာလေး..မျက်နှာလေး မမြင်လိုက်ရခင်ပဲ...
မိမိရဲ့ လက်ရှိ ကမ္ဘာထဲ ပြန်ရောက်လာခဲ့တယ်...။"တီ...တီ...တီ....''( Alarm မြည်သံ)
နှိုးစက်အသံကြောင့် ကျန်းကျီဟန့် အိပ်နေရာရနေ ရုတ်ချည်းထထိုင်လိုက်မိတော့ အနည်းငယ် ခေါင်းထဲနောက်သွားသည်..။"အား..နောက်ကျပြန်ပြီ''
အချိန်ကိုကြည့်မိတော့ မနက် 8:00ထိုး..
ယနေ့ မေဂျာအချိန်ရှိတာ နောက်ကျပြန်လေပြီ"ကျန်းကျီဟန့်.. ကျန်းကျီဟန့် အရေးမပါတဲ့ အိမ်မက်ကိုပဲ မက်ပြီးရင်း မက်နေလိုက်..''
မြန်မြန်ရေချိုးခန်းထဲဝင်ပြီး အမြန်ပြင်ဆင်ကာ အောက်ထပ်ကိုဆင်းလာတော့
မီးဖိုချောင်မှာ ပြင်ဆင်ထားတဲ့ Coffeeနဲ့ အမုန့်အနည်းငယ်ကိုတွေ့လိုက်သည်.."ရှီးလွင်..ဒီကောင်လေး ကျောင်းကိုအစောကြီးသွားပြီလား..''
ညီအစ်ကိုနှစ်ယောက်ထဲနေတဲ့အိမ်ဖြစ်တာမို့ ထွေထွေထူးထူးတော့မရှိ..
ညီအစ်ကိုနှစ်ယောက် ဆက်ဆံရေးက အရမ်းနွေးထွေးနေတာ
မဟုတ်ပေမယ့် ဆိုးတဲ့အထဲတော့မပါပေဘူး...။ကျန်းကျီဟန့် 7နှစ်သားလောက်မှာမိဘတွေဆုံးသွားတော့
ဘဝကို ခက်ခက်ခဲခဲရုန်းကန်ရသည် ပြီးတော့ အသက်3နှစ်လောက်သာရှိသေးတဲ့ ညီလေး ကျန်းရှီးလွင် ကိုလည်း ပြုစုရသေးသည်..။
YOU ARE READING
𝗘𝘁𝗲𝗿𝗻𝗮𝗹 𝗟𝗼𝘃𝗲我会永远爱你 (Complete)
Fanfiction__ဘဝဆက်တိုင်း ကျွန်တော့်ကိုချစ်ပေးတဲ့ခင်ဗျားနဲ့တွေ့ဆုံရပြီး ခင်ဗျားနားမှာပဲ ကျန်ရှိတဲ့သက်တမ်းကို ကုန်ဆုံးချင်တယ် ။ ခင်ဗျားပြောခဲ့သလိုပေါ့ 'မင်းဘယ်ချိန်ရောက်လာမလဲ ဘယ်လိုရောက်လာမလဲ ငါမသိပေမယ့် မင်းသေချာပေါက် ပြန်ရောက်လာမယ်ဆိုတာ ငါသိတယ်'ဆိုတာကိုပေါ့...