Chapter 29

394 87 13
                                    

Unicode

"ကျွင်းကျွင်း ..တစ်ခုခုဖြစ်လာလို့လား"

ကျန်းကျီဟန်မှာ သစ်သားစည်ရေဇလုံထဲမှာ ရေထိုင်ချိုးရင်း သူလုပ်ပေးသမျှငြိမ်ခံပြီးတစ်ခုခုတွေးနေတဲ့ ကောင်လေးကို လည်ပင်းဂုတ်နေရာကို သေချာရေစိုအဝတ်လေးနဲ့ သုတ်ပေးပြီး ငြင်သာစွာပဲ မေးလိုက်သည်။

"အင်း .."

ကုန်းကျွင်းက သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြောဖို့စဉ်းစားယူနေသည်။ ကုန်းကျွင်းသူ့ကိုနောက်ကျောပေးထားပေမယ့် သုန်မှုန်နေမဲ့ သူ့မျက်နှာအမူအရာကို ခံစားလို့ရနိုင်လေတယ်။

ခဏကြာလာပြီး ကျန်းကျီဟန်မမေးခင် ကုန်းကျွင်းထပြောလာသည်။

"ဒေါ်လေးချန် ..သူမ ပျောက်နေတယ်"

ကျန်းကျီဟန် သုတ်ပေးနေတဲ့လက်ကတခဏမျှရပ်တန့်သွားပြီး အံ့ဩသွားတယ် ။ ထို့နောက်ကျန်းကျီဟန်မှာ မယုံသင်္ကာဖြစ်ကာ

"တကယ်လား သေချာလို့လား?"

"ကျွန်တော် ဟယ်ယွဲ့မြို့အနှံ့ရှာခဲ့ပြီးပြီ..ဒီဟယ်ယွဲ့တစ်မြို့လုံးက လူတိုင်း သူမကို သိကြတယ် ..ကျွန်တော်မေးလိုက်တာနဲ့ သူစောင့်ရှောက်ထားတဲ့ ကလေးတွေရှိတဲ့နေရာလည်း ရောက်ခဲ့တယ်...ဒါမဲ့သူမက အဲ့ကိုမသွားခဲ့ဘူးတဲ့..ပြီးတော့ ဒီရက်ပိုင်း ဒီမြို့သေးသေးလေးလိုနေရာမှာ သူ့ကိုမြင်တွေ့တဲ့လူမရှိဘူး"

"အဲ့တာဆို သေချာနေ‌ပြီပေါ့...မင်းဘာဆက်လုပ်မှာလဲ ?"

"အရင်ဆုံး ရှောင်မားတို့ တခြားလူတွေကို အသိမပေးချင်သေးဘူး"

"လီတိုက်ခွမ်းကို မယုံလို့မလား"

ကျန်းကျီဟန်မှာ ကုန်းကျွင်းကိုစိတ်နားလည်သည်မို့ အနှီလူသားတစ်ခုခုတွေးပြီဆိုရင် သူအရင်ဆုံးသိလေသည်။

"အင်း အဲ့တာလည်းပါတာပေါ့ ..ကျွန်တော်တို့က ရန်သူကိုသွားသတိပေးလိုက်သလိုဖြစ်နေမှာစိုးလို့လေ"

"လီတိုက်ခွမ်း အဲ့လူကြည့်ရတာ နည်းနည်းထူးဆန်းပေမယ့် သူ့ပုံစံကအရမ်းကြီးဆိုးပုံမပေါ်ပါဘူး..ဘာလို့ မင်းနဲ့အမြင်မတည့်ရတာလဲ"

𝗘𝘁𝗲𝗿𝗻𝗮𝗹 𝗟𝗼𝘃𝗲我会永远爱你 (Complete)Où les histoires vivent. Découvrez maintenant