Chapter 32

308 70 6
                                    

Unicode

"ကျွန်တော့်မျိုးရိုးက ဝမ်း...နာမည်က ခယ့်ရှင် "

"ဘယ်လို ..ရှင် ရှင်က ဝမ်းခယ့်ရှင်! "

"ဘာလို့လဲ သိလို့လား? "

ကျန်းကျယ်ဟန်ကတော့ ကုန်းကျွင်းနာမည်အတုသုံးတာမှန်းသိပေမယ့် ခဲ့နိုင်းယွီ မျက်နှာအမူအရာကြောင့်မေးခွန်းတွေ ရှိလာခဲ့တယ်။ ကုန်းကျွင်းကဒီနာမည်ကို ရည်ရွယ်ချက်ရှိရှိသုံးတာလား။

ခဲ့နိုင်းယွီမှာ သူ့မျက်နှာ အမူအရာကိုပြန်ပြင်လိုက်ကာ တည်ငြိမ်စွာပြော လာသည်။

" မသိဘူး "

"အော် ...ကျွန်တော်တို့ဘယ်သူလဲဆိုတာပြောပြပြီးပြီဆိုတော့ ..အဖြစ်အပျက်အမှန်ကို ကျွန်တော်တို့ကို ပြောလို့ရပြီထင်ပါတယ်နော် "

ခဲ့နိုင်းယွီက တခဏကြာတွေးတောနေပြီး ကုန်းကျွင်းကို သေချာစိုက်ကြည့်နေသည်။ ပြီးမှ သူမ အိမ်ထဲကို ဝင်ခိုင်းဟန်ပြသည်။

"အထဲကို ဝင်လာခဲ့ပါ"

ကုန်းကျွင်းက ဝင်မယ် ဆိုပြီး မျက်ရိပ်ပြတာနဲ့ ကျန်းကျယ်ဟန်လည်းအတူလိုက်သွားခဲ့သည်။ ‌ထိုအိမ်လေးမှာတော့ ကလေးအယောက်နှစ်ဆယ်လောက်ကိုတွေ့ရသည်။နည်းတဲ့ အရေအတွက်တော့မဟုတ်ဘူး ကလေးတစ်ယောက်မွေးစားရင်တောင်မှ တာဝန်ယူမှုအတော်ကြီးနေပြီဆိုတာကို ကုန်းကျွင်းကောင်းကောင်းနားလည်လေသည်။

စူးစမ်းနေတဲ့ ကျန်းကျယ်ဟန်ပခုံးကို သူ့ပခုံးနဲ့တစ်ချက်ထိလိုက်ပြီး

"ဘယ်လိုလဲ တစ်ယောက်လောက် မွေးစားချင်လား "

ကျန်းကျယ်ဟန်က ဘာမှပြန်မဖြေ ၊ခဲ့နိုင်းယွီခေါ်ရာကိုသာ‌လိုက်နေရင်းခဏနေမှ ပြန်ပြောလာသည်။

"ငါ့ဇနီးလေးကုန်းကျွင်း မွေးပေးရင်တော့ လိုချင်တယ် "

"............"

ကုန်းကျွင်း ဘာပြောရမလဲမသိလုံးဝဆွံ့အသွားခဲ့သည်။ဘယ်သူကမှားနေတာလဲ ဘယ်သူကအမှန်လဲ ။

ခဏကြာပြီးတော့ ခဲ့နိုင်းယွီက သူတို့ကို ဧည့်ခန်းထဲ ခေါ်သွားတယ် ။

𝗘𝘁𝗲𝗿𝗻𝗮𝗹 𝗟𝗼𝘃𝗲我会永远爱你 (Complete)Wo Geschichten leben. Entdecke jetzt