Chapter3

1K 171 63
                                    

(Unicode)
ညအချိန်က အလွန်အမင်းပင်တိတ်ဆိတ်လွန်းလှသည် ။
ပြတင်းပေါက်က လေအေးတွေက အခန်းထဲကို ဝင်ရောက်လာသည်
‌ဒီနေညက လပြည့်ညပဲ ..လရောင်က အတော်လေးထိန်နေတာမို့
သူ့အခန်းမီးမဖွင့်ထားလျင်တောင် ရှင်းရှင်းလင်းလင်မြင်နေရသည်။

ကျန်းကျီဟန် စာကြည့်စားပွဲတွင်အချိန်အတော်ကြာအောင်
စာထိုင်လုပ်ပြီးသည့်နောက် ရေသောက်ရင်အောက်ထပ်သို့ဆင်းရန်အလိုငှာ ..

အခန်းတံခါးဖွင့်လိုက်ချိန်တွင် အခန်းတံခါးခေါက်ရန်ကြံစည်နေသော ကုန်းကျွင်းကိုတွေ့လိုက်ရသည်..
အနှီးထိုလူသားသည် ‌တွေ့လိုက်သည်နှင့် မျက်နှာက စပ်ဖြဲဖြဲပင်။

"မင်း..မအိပ်သေးဘူးလား"

"ကျွန်တော် ဘယ်မှာအိပ်ရမလဲ..အစ်ကိုက ကျွန်တော့်ကို ဘယ်မှာအိပ်ရမလဲဆိုတာမှ မပြောတာ"

"ရှီးလွင်နဲ့သွားအိပ်"

"ရှီးလွင်က အစောကလေးတင်အိပ်သွားတာ ကျွန်တော် သူ့အနားမှာအိပ်ရင် သူ့ကိုအနှောက်အယှက်ပေးသလိုဖြစ်သွားမှာပေါ့"

"အဲ့တာဆိုအောက်ထပ်မှာ ဆိုဖာရှိတယ် အဲ့မှာအိပ်"

"အစ်ကိုက အရမ်းရက်စက်တာပဲ ကျွန်တော့်ကိုအဲ့သလိုနေရာမှာ အိပ်ခိုင်းရက်တာလား"

"မဟုတ်ရင် မင်းကဘယ်မှာအိပ်ချင်သေးလို့လဲ"

ကုန်းကျွင်းမျက်လုံးတွေက သူ့အခန်းကိုကြည့်ပြီး
ပြောင်စပ်စပ်နဲ့

"ရှောင်ဟန်..အစ်ကို့အခန်းက အတော်လေးမဆိုးဘူး ကျွန်တော်ဒီညဒီမှာအိပ်မယ်လေ"

"မင်းရူးနေတာလား!!"

ကျန်းကျီဟန့် တံခါးဆောင့်ပိတ်လိုက်၍ သနားစရာ ကုန်းကျွင်းမှာ
အပြင်မှာ မတ်တပ်ရပ်လျက်လေး။

ကျန်းကျီဟန်တစ်ယောက် သနားညှာတာမှုမဲ့ကာ အိပ်ရာထဲဝင်အိပ်လိုက်တော့သည် ရေသောက်ဖို့ကြံထားတဲ့အကြံကိုလည်း ဖျက်လိုက်ရသည်။
'သူ့ဘာသာသူအိပ်ချင်ရင် အောက်ထပ်ကဆိုဖာမှာသွားအိပ်လိမ့်မယ်'ဆိုပြီး စိတ်ချလက်ချအိပ်ပစ်လိုက်သည်..။

___
"အစ်ကိုဘာလို့ဒီလောက်မြန်မြန်သွားနေတာလဲ ကျွန်တော့်ကိုစောင့်အုံးလေ"

𝗘𝘁𝗲𝗿𝗻𝗮𝗹 𝗟𝗼𝘃𝗲我会永远爱你 (Complete)Onde histórias criam vida. Descubra agora