Chapter12

632 124 34
                                    

Unicode

ကျန်းကျီဟန်လည်း ကုန်းကျွင်းကိုအခန်းထဲမှာ
အားသွင်းကြိုးနဲ့ တုပ်ပြီး အောက်ထပ်ကိုဆင်းလာခဲ့သည် ။

အဲ့တော့မှ ကုန်းကျွင်းရှေ့မအော်ရဲခဲ့တဲ့ မကျေနပ်မှုတွေ အော်ချတော့တယ်

"ကုန်းကျွင်းမျက်နှာရူးကောင် ..နှာဘူး..ငါ့လည်ပင်းတွေမှာ သရေတွေပေကုန်မှာပဲ ..ရေတောင်ချိုးချင်လိုက်တာ"

ထိုအချိန်တွင် အလုပ်သမားတစ်ယောက်ကလာပြီး

"အစ်ကိုလေး ဘာများလိုအပ်လို့လဲဗျာ"

"ကျွန်တော့်ကို အဲ့သလိုကြီးခေါ်စရာမလိုပါဘူး "

"မဟုတ်တာဗျာ သခင်လေးနဲ့အတူပါလာတာဆိုတော့ ကျွန်တော်တို့လေးလေးစားစားဆက်ဆံသင့်လို့ပါ ..ပြီးတော့ ဒီကအစ်ကို‌လေး က ဒီအိမ်ကိုပထမဆုံးရောက်ဖူးတဲ့ ဧည့်သည် ဆိုတော့ ...''

ပထမဆုံး...

ကျန်းကျီဟန်လည်း သေချာဆက်မတွေးနေတော့ပဲ လိုရင်းကိုသာပြောလိုက်သည်။

"အဲ့တာဆို ကျွန်တော့်ကို မီးဖိုဆောင်လေးခေါ်သွားပေးလို့ရမလား"

"အစ်ကိုလေး စားချင်တာရှိရင်ပြောပါဗျာ ကျွန်တော်တို့လုပ်ပေးပါ့မယ် "

"မဟုတ်ပါဘူး ကျွန်တော်ကိုယ်တိုင်လုပ်ချင်လို့ပါ "

"ဗျာ...မလုပ်ပါနဲ့ဗျာ သခင်လေးသိရင်ကျွန်တော်တို့ ဆူခံရလိမ့်မယ် "

"အဲ့အတွက် စိတ်မပူပါနဲ့ သူမလုပ်နိုင်ပါဘူး ကျွန်တော် သူ့ကိုကြိုးတုပ်ခဲ့တယ် .."

"ဗျာ! "

ကျန်းကျီဟန် အလေးမထားတဲ့ပုံစံနဲ့ပြောလိုက်တဲ့စကားကြောင့်
ထိုအလုပ်သမားလေးမှာ မျက်လုံးမျက်ဆန်တွေပြူးပြီး ပါးစပ်‌တွေပါအဟောင်းသားဖြစ်သွားသည် ။

"အဲ့တာကြောင့် ကျွန်တော့်ကိုအတော်လေးခိုင်တဲ့ ကြိုးလေးရှာပေးပါလား သံကြိုးဆိုလည်းရတယ် "

ကျန်းကျီဟန်လည်း သူများမျက်နှာအမူအရာကို ဂရုမစိုက်ပဲ ပြောချင်ရာဆက်ပြောလေသည် ။
အလုပ်သမားလေးမှာတော့ အနားတောင်မကပ်ရဲတဲ့ သူ့သခင်လေးကို ကြိုးဖြင့်တုပ်ခဲ့သည်ဟုဆိုသော ထိုလူကို မျက်လုံးအစုံပြူးလျက် အံ့ဩနေတော့သည်။

𝗘𝘁𝗲𝗿𝗻𝗮𝗹 𝗟𝗼𝘃𝗲我会永远爱你 (Complete)Donde viven las historias. Descúbrelo ahora