Chapter 44

327 56 3
                                    

Unicode

တလိပ်လိပ်တက်လာသော တိမ်စိုင်တိမ်ခဲတွေ ကောင်းကင်ထက်ဝယ်မှာ အုံ့မှိုင်းလျက်ရှိသည်။ လူတိုင်းရဲ့ ရင်ထဲမှာ နာကျည်မှုတစွန်းတစ တော့ရှိသည်။

မထင်ထားခဲ့တဲ့ ကိစ္စတွေအပြီး ထိုညက ကျန်းကျယ်ဟန်ပျောက်ဆုံးသွားပြီး သူတို့ပြန်‌ရှာတွေ့တာကတော့ မောယာရေတံခွန်ကမ်းစပ်ပေါ်မှာ သောင်တင်နေတာကိုပဲ။

အချိန်ကပ်သီးလေးမှီသွားလို့သာ အသက်ကိုကယ်နိုင်လိုက်ပေမယ့်လို့ အခုချိန်ကို သတိပြန်လည်လာခြင်းမရှိဘူး။

ကျိုးရဲ့ စွပ်ပြုတ်ပန်းကန်ကို ယူလာပြီးလျှောက်လှမ်းအတိုင်း လျှောက်လာခဲ့သည်။ ကောင်းကင်မှာလဲ မိုးဖွဲဖွဲလေးက ကျနေသည်။ သူမမျက်နှာတွင် အပြုံးဟူသည့်အရိပ်အယောင် တစွန်းတစမျှမတွေ့ရပဲ မျက်ဝန်းတွင် ဝေ့သီနေသော မျက်ရည်စများသာ။

သူမ ဝအောင်ငိုခဲ့ပြီးပါပြီ၊ဘာလို့များထပ်ပြီး ငိုချင်နေရတာလဲ။ မြေသင်းရနံ့လေးကို တချက်ရှူရှိုက်ပြီးနောက်မှာ ကျန်းကျယ်ဟန်အခန်းထဲဝင်သွားခဲ့သည်။

//ကော...နင်ကြည့်စမ်း .နင့်လူကလေ ကောင်းကောင်းကြီးအိပ်ပျော်နေတယ် ..သူအိပ်နေနိုင်တယ်//

ကျန်းကျယ်ဟန် ကုတင်ပေါ်မှာ မလှုပ်မယှက်ပဲ အချိန်အတော်ကြာကြာအိပ်နေနိုင်ခဲ့ပါသည်။ ဖန့်ကျင်း‌ဝေပြောတာကတော့ ကျန်းကျယ်ဟန်ကို ဆေးပြန်ကုပေးရင်း အဆိပ်ဖြေဆေးတွေပါ တစ်ခါထဲ ကုသထားတာမို့ အချိန်အတော်ကြာကြာဆက်အိပ်နေလိမ့်မည်တဲ့။

ကျိုးရဲ့ စွပ်ပြုတ်ပန်းကန်ကို ဘေးနားချလိုက်ပြီး ဘေးနားကရေပက်သုတ် အဝတ်ကိုယူလိုက်ပြီး ကျန်းကျယ်ဟန်ရဲ့ လက်တွေကို သေချာသန့်ရှင်းပေးလေသည်။

"ကျန်းသ့ကော.. ကောက တကယ်ပဲပြန်မလာဘူးလို့ သူတို့ပြောကြတယ်..ရှောင်ရဲ့ဘယ်လိုမှမယုံဘူး ..မယုံဘူး "

သူမအသံက တဖြည်းဖြည်းနစ်ဝင်လို့သွားသည်။ သူရင်ဖွင့်ပြောစရာဆိုလို့ အနှီလူသားပဲရှိတာ။

"ရှင်လည်း မယုံဘူးဆိုတာ ကျွန်မသိတယ်..ကော ကရှင့်ကိုအရမ်းချစ်တာလေ..ရှင်ရှိနေရင် ကောအနားမှာရှိနေတယ်လို့ ခံစားရတယ်..အမြန်ထပြီး နေကောင်းပေးလို့ မရဘူးလား "

𝗘𝘁𝗲𝗿𝗻𝗮𝗹 𝗟𝗼𝘃𝗲我会永远爱你 (Complete)Donde viven las historias. Descúbrelo ahora