(Unicode)
"ကျွန်တော့်နာမည်က...ကုန်းကျွင်း..."ကုန်းကျွင်းတစ်ယောက် ကျန်းကျီဟန့်ကို ခြေဆုံးခေါင်းဆုံးသေချာစိုက်ကြည့်နေမိသည် ။
အနှီးထိုလူသားမှာ နှုတ်ဆိတ်လျက်သာ အတွေးတွေနဲ့အိမ်ဆောက်နေပုံပင်။
ကုန်းကျွင်း တစ်ယောက်စိတ်မရှည်စွာဖြင့်.."ဒီမှာ...အစ်ကို ကျွန်တော့်ကိုတစ်ခုခုပြောပါအုံး"
ထိုအခါမှ အနှီထိုလူက ပြန်သတိကပ်လာပြီး "ဟမ်"ဟု
အသံတစ်ချက်ပြုသည် ။ပြီးတော့ ဘာမှ မကြားသလို အူတိအူကြောင်ပုံစံနဲ့
သူ့ကိုလာကြည့်တော့ ကုန်းကျွင်းတစ်ယောက်
ရယ်ချင်နေသည်ကို မနည်းထိန်းထားရသည်။"အစ်ကို့နာမည်မေးနေတာလေ"
"ငါနာမည်ကလား..ငါက.."
ပြောရင်းထိုလူသားဘက်က အသံတိမ်သွားသည်။
ကျန်းကျီဟန့်တစ်ယောက် အဲ့မှာသေချာသတိပြန်ကပ်ကာ
'ငါနဲ့သူက ဘာဆိုင်လို့ ငါကနာမည်ပြောပြရမှာလဲ"
ကုန်းကျွင်းထံသိုမျက်စောင်းတစ်ချက်ပို့လွှတ်လိုက်ပြီး"မင်းအပူလား? ငါ့ရှေ့ကဖယ်စမ်းပါ"
သူ့ရှေ့ပိတ်ရပ်ထားတဲ့ ကုန်းကျွင်းရဲ့ပခုံးကို တွန်းထုတ်ပြီးဆိုင်အပြင်ကိုထွက်သွားသည်။
ကုန်းကျွင်းက ကျန်းကျီဟန့်တွန်းထုတ်လိုက်တဲ့ သူ့ပခုံးကို ကြည့်ရင်း
ပြုံးနေလေသည်။ထိုအခါမှ အပေါ်မှာထိုင်နေတဲ့ ကျိုးရဲ့က
"အဲ့လူက ဘယ်လိုဘဝင်ရူးလဲ! ငါ့ကောက နာမည်လေးမေးတာကို အဲ့သလောက်လုပ်စရာလား...အလကားဟိတ်ဟန်ကြီးနေတဲ့ဘဝင်ရူး"
ကျိုးရဲ့ ရဲ့ဆဲဆိုသံတွေ ကြောင့် ကုန်းကျွင်းရဲ့မြူးနေတဲ့ စိတ်ကလေး
လေနဲ့ပျောက်သွားရသည် ။
ကျိုးရဲ့ကို ကျန်းကျီဟန့် သူ့ကိုကြည့်သလို မျက်နှာထားမာမာနဲ့"ရှောင်ရဲ့..အပြောအဆိုကိုသတိထား"
ကျိုးရဲ့မှာ မိမိအစ်ကိုဖြစ်သူ၏မျက်နှာသာပေးမှုလိုချင်သောကြောင့်
ဟိုဘဝင်ရူးကို ဆဲဆိုနေပါသော်လည်း 'မျက်နှာကောင်းမရပဲ ခြေဖနောင့်ရ' ဆိုသလိုဖြစ်သွားတော့
မျက်နှာကြီးက ချက်ခြင်းမည်းသွားပြီး စိတ်ထဲကနေပဲ တွေးလိုက်သည်က
JE LEEST
𝗘𝘁𝗲𝗿𝗻𝗮𝗹 𝗟𝗼𝘃𝗲我会永远爱你 (Complete)
Fanfictie__ဘဝဆက်တိုင်း ကျွန်တော့်ကိုချစ်ပေးတဲ့ခင်ဗျားနဲ့တွေ့ဆုံရပြီး ခင်ဗျားနားမှာပဲ ကျန်ရှိတဲ့သက်တမ်းကို ကုန်ဆုံးချင်တယ် ။ ခင်ဗျားပြောခဲ့သလိုပေါ့ 'မင်းဘယ်ချိန်ရောက်လာမလဲ ဘယ်လိုရောက်လာမလဲ ငါမသိပေမယ့် မင်းသေချာပေါက် ပြန်ရောက်လာမယ်ဆိုတာ ငါသိတယ်'ဆိုတာကိုပေါ့...