Chapter5

808 147 41
                                    

Unicode

"ကုန်းကျွင်းရေ"

"ဗျာ"

"ရေလေးတစ်ခွက်လောက် ခတ်ခဲ့ပေးပါအုံး"

"ဟုတ်ပါပီ ကျန်းလောင်ရှီး"

"ကုန်းကျွင်းရေ ..မုန့်ထုတ်တစ်ထုတ်လောက်ပါယူခဲ့အုံး"

"ဟုတ်ကဲ့ "

အခုတော့ ကျန်းကျီဟန်တစ်ယောက် ဗျူဟာပြောင်းလိုက်ပြီ
ကုန်းကျွင်းကို သူ့အနားမကပ်နေတော့အောင် အနုနည်းနဲ့တစ်ခုခုပြီးတစ်ခု
ခိုင်းတော့သည် ။

ကုန်းကျွင်းကလည်း ဘယ်လိုနေနေစိတ်မပျက်ပေ  ။
သူဘဝတစ်ခုလုံးစာစောင့်နေခဲ့ရတာ သည်းမခံနိုင်စရာလား။

ကုန်းကျွင်းတစ်ယောက်အောက်ထပ်ကနေ ပြေးတက်လာပြီး
ကျန်းကျီဟန်နားရောက်တော့ နဖူးကချွေးတစ်ချက်သုတ်လိုက်ကာ

"ရှောင်ဟန်..ဒီမှာ အစ်ကို့အတွက် ရေ..ပြီးတော့မုန့် .."

"ကျေးဇူးပါ ကုန်းလောင်ရှီး"

"အစ်ကို ဘယ်လိုခေါ်လိုက်တယ် အဲ့သလိုခေါ်တာ နားထောင်ရကောင်းလိုက်တာ ...ဒါမဲ့.. ကျွန်တော့်ကိုအသက်ကြီးသွားစေသလိုပဲ"

"မင်းကတော့ ..တကယ်ပဲ "

ကျန်းကျီဟန် ကုန်းကျွင်းယူလာသော ရေကို ဆေးနဲ့သောက်ဖို့လုပ်တော့
ကုန်းကျွင်းက ပြန်ဆွဲယူလိုက်ကာ

"အစ်ကို အဲ့သလို ဆေးမသောက်နဲ့လေ မုန့်အရင်စား အစာမရှိရင် ဆေး‌မသောက်သင့်ဘူး "

ကျန်းကျီဟန်လည်း ခေါင်းအနည်းငယ်ကိုက်နေတာကြောင့်မငြင်းခုံနေတော့

"ကောင်းပါပြီ ကောင်းပါပြီ မင်းပြောသလိုလုပ်မယ် ဟုတ်ပြီလား"

ကုန်းကျွင်းလည်း ခေါင်းငြိမ့်လိုက်ပြီး မုန့်ထုပ်ကိုယ်တိုင်တောင်ဖောက်ပေးနေသေးသည် ။
( Another's pov :ကိုယ့်ဘာသာရေးရင်း သောက်Rsတွေပိုကိုပိုတယ်လို့ တွေးမိတယ်🤧)

မုန့်စားဆေးသောက်ပြီးတော့ ကုန်းကျွင်းအောက်မှာ သိမ်းစရာရှိတာ သွားသိမ်းသည် ။ကျန်းကျီဟန်ကတော့ အဖျားနည်းနည်းရှိသေးတော့ သူ့အခန်းထဲမှာပဲ နားနေသည် ။

𝗘𝘁𝗲𝗿𝗻𝗮𝗹 𝗟𝗼𝘃𝗲我会永远爱你 (Complete)Tempat cerita menjadi hidup. Temukan sekarang