Chapter 8

731 140 33
                                    

Unicode

လျှိုကျစ်ဖန် တစ်ယောက် ညီဖြစ်သူ ခွမ်းရန်၏သေဆုံးမှုကြောင့်
အတော်လေး ဒေါသထွက်နေသည်..။

ညီဖြစ်သူသေဆုံးမှုကို ဝမ်းနည်းတာကတစ်ကြောင်း
သူ့လို ဒုစရိုက်လုပ်ငန်းတွေရဲ့ဘုရင်လို့ ဆိုထိုက်သူရဲ့ ညီဖြစ်သူက
အခုလို ဘယ်သူဘယ်ဝါမှန်းမသိတဲ့လူရဲ့အသတ်ခံလိုက်ရတာက
သူ့အတွက်တော့ နှစ်ခါမရှိနိုင်တော့တဲ့ အရှက်ရစရာပင်...။

"မင်းတို့တွေအကုန် ခွမ်းရန်ကို ဘယ်သူသတ်လဲ စုံစမ်းခဲ့ကြ ..သံသယရှိတဲ့လူ မှန်သမျှ ငါ့ဆီခေါ်လာ''

"ဟုတ်ကဲ့ပါ Boss''

"အကယ်၍ အဲ့လူက အင်အားကြီးတဲ့လူဆိုရင် တိုက်ခွမ်း မင်းလှုပ်ရှားပါ''

လျှိုကျစ်ဖန်က သူရဲ့ညာလက်ရုံး လီတိုက်ခွမ်းကို ယုံယုံကြည်ကြည်ဖြင့် ထို ကိစ္စ ကိုအပ်နှံလိုက်တော့သည်

လီတိုက်ခွမ်းက သာထို ကိစ္စကို ကိုင်တွယ်ပေးနိုင်မည်ဟုသူ ထင်သည်

"ကောင်းပါပြီ တိုက်ခွမ်း ကြိုးစားပေးပါမယ်''

"မင်းကို ငါယုံပါတယ်''

~~~
"ဟန်ဟန်..ဒီဘက်လာ..''

ကလေးတွေနဲ့သွားသွားရောနေတဲ့ ကျန်းကျီဟန်ကို ကုန်းကျွင်းက
သူ့ဘက်ကို အတင်းဆွဲဆွဲတိုးနေတော့သည်..။

ညစာကို စားသောက်ဆိုင်ကြီးတစ်ဆိုင်မှာပဲ စားဖြစ်တော့
မားဝမ်ယွမ်ကလည်း သူတို့နဲ့အတူ ကြောင်တောင်တောင်လေးပါလာသည်။

ကုန်းကျွင်းနှင့် ကျီဟန်က တစ်ဖက်ခြမ်းမှာ ထိုင်ပြီး
ကလေးသုံးယောက်ကတော့ တစ်ခြမ်းတွင်ထိုင်ကြသည်... ။

တိတ်ဆိတ်နေတဲ့ စားပွဲဝိုင်းကို ကျန်းကျီဟန်က ဖြိုခွဲလိုက်သည်..။

"မားဝမ်ယွမ်က ဘယ်ကျောင်းကလဲ''

"ရှန်ဟိုင်းကောလိပ်ကပါပဲ..ကျွန်တော်က Chemistry Majorကပါ..''

"အော်..ဟုန်ရှင်းနဲ့အတူတူပဲကို''

ကျန်းကျီဟန်လည်း နှုတ်မှ ရုတ်တရက်ထွက်သွားပြီး နောက်မှ
သတိဝင်ကာ ကိုယ့်လျှာကိုယ်ကိုက်မိချင်သွားသည်.. ။
ဘေးက ကုန်းကျွင်းကတော့ ကျန်းကျီဟန်ကို မျက်ထောင့်နီကြီးနဲ့ ကြည့်နေလေပြီ..ထိုအကြည့်ကြောင့်ကျန်းကျီဟန်အနားကလေထုကအေးစက်သွားသည်ဟုထင်မိသည်.. ကျိုးရဲ့နဲ့ ကျန်းရှီးလွင်အပါအဝင်ပေါ့..။

𝗘𝘁𝗲𝗿𝗻𝗮𝗹 𝗟𝗼𝘃𝗲我会永远爱你 (Complete)Donde viven las historias. Descúbrelo ahora