Chapter 26

427 86 7
                                    

Unicode

မိုးစက်မိုးပေါက်တွေက ကောင်းကင်ပေါ်ကနေ တိုက်ရိုက်ကျဆင်းနေသလို တံစက်မြိတ်ကနေတစ်ဆင့် ကျဆင်းနေခြင်းမျိုးလဲ ရှိနေလေတယ်။

ကျန်းကျီဟန်တစ်ယောက် အိပ်မပျော်နိုင်သေးပဲ မိုးထဲကနေရှိုက်လာတဲ့ မြေသင်းရနံ့စူးစူးလေးကို ခံစားမိချိန်အတွင်းမှာ ခေါင်းထဲရှိနေတဲ့ ပူပင်စရာတွေ မေ့သွားသယောင်။

အတွေးတွေနယ်ချဲ့နေတုန်း ရုတ်တရက်အနောက်က လာသိုင်းဖက်တဲ့ လက်တစ်စုံကိုတွေ့အနည်းငယ်မျှလန့်သွားခြင်းမျိုးမရှိ‌ပဲ ပြုံးလိုက်မိသည်။ ဒီအငွေ့အသက်လေးက သူနဲ့အရင်းနှီးဆုံးနဲ့ သူသဘောအကျဆုံးတစ်ခုပဲလေ။

ကျန်းကျီဟန်ဘက်က ငြိမ်နေတော့ ကုန်းကျွင်းမှာ နူးညံ့ညင်သာသော လေသံဖြင့် နှစ်ကိုယ်တည်းသာ ကြားနိုင်သောလေသံနှင့်မေးလေသည်။ ထိုအသံသည်တိုးညင်းလွန်းလို့ ကျန်းကျီဟန်တစ်ယောက်ကလွဲလို့ ဘေးကလေထုတောင် ကြားလိမ့်မည်မထင်ရ။

"ဟန်ဟန် ..မအိပ်သေးဘူးလား"

ကျန်းကျီဟန်မှာ ခေါင်းတစ်ချက်ငြိမ့်လိုက်ပြီး

"မိုးကအရမ်းအေးနေလို့ထင်တယ် ငါအိပ်မပျော်ဘူး"

"ကိုယ် ဖက်ထားပေးမယ်လေ..အိပ်ရေးအပျက်မခံနဲ့ မနက်လိုထပ်ပြီးလဲကျနေရင် ဘယ်လိုလုပ်မလဲ"

နူးညံ့တဲ့ "ကိုယ်"ဆိုတဲ့ နာမ်စားလေးကြောင့် ကျန်းကျီဟန်ကြောင်အသွားလေသည်။

"အရူးလေး ..မင်းကိုယ်မင်း လူကြီးလူကောင်းပီသအောင်ပြောတတ်နေပြီပေါ့"

"ကျွန်တော်အစထဲက ပြောချင်သားပဲ ကျွန်တော်နဲ့ မလိုက်ဖက်လောက်ဘူးထင်လို့ .."

ကုန်းကျွင်းမှာ မကျေနပ်သလို ပါးကိုဖောင်းလိုက်ကာ ပြန်ရန်တွေ့လိုက်သည်။ ကျန်းကျီဟန်ကို နောက်ကနေသိုင်းဖက်ထားတဲ့ လက်တွေကတော့ မလွှတ်ပေးသေး။

"လိုက်ပါတယ် .."

ကုန်းကျွင်း မျက်လုံးတွေဝင်းခနဲ ဖြစ်သွားလေသည်။

"ဒါမဲ့ အဲ့သလိုမပြောနဲ့..ငါ့နားကြာရင် ကန်းသွားလိမ့်မယ်"
တဆက်ထဲ ပြောလာတဲ့ စကားကြောင့် ကုန်းကျွင်းမှာ မျှော်လင့်ချက်ပျောက်ဆုံးသွားလေသည်။

𝗘𝘁𝗲𝗿𝗻𝗮𝗹 𝗟𝗼𝘃𝗲我会永远爱你 (Complete)Where stories live. Discover now