Chapter 35

304 64 2
                                    

Unicode

"ကျွင်းကျွင်း ...လာပါအုံး "

ကျန်းကျယ်ဟန်ရဲ့ခေါ်သံတဆာဆာလေးကို ကြားလိုက်သည်နှင့် ကုန်းကျွင်းက မီးဖိုချောင်ထဲကနေ အမြန်ပြေးထွက်လာခဲ့သည်။ သူရောက်သွားတော့ ကျန်းကျယ်ဟန်မှာ မျက်နှာကြီးစူပုတ်နေကာ လက်ထဲက ဖဲချပ်တွေကို ကြည့်နေလေသည်။ ကျန်းကျယ်ဟန်အရှေ့မှာထိုင်နေတဲ့ ကျိုးရဲ့ကတော့ ပြုံးဖီးဖီးနဲ့ လက်ထဲကဖဲချပ်တွေကို ပွတ်နေလေသည်။အ‌ခြေအနေကို ကြည့်ရတာ သိပ်ဟန်ပုံမရ။

"ဘာဖြစ်ရပြန်ပြီလဲ ရှောင်ဟန်ဟန်"

"မင်းကြည့်စမ်း.. ရှောင်ရဲ့ငါ့ကို အနိုင်ကျင့်နေပြန်ပြီ..အခုထိဆော့နေတာ တစ်ပွဲမှ မနိုင်သေးဘူး"

သေချာတာပေါ့ အလုပ်ကြီးအကိုင်ကြီးလုပ်ပြီး ပိုက်ဆံထိုင်ဖြုန်းနေကြတာ။ကုန်းကျွင်းနှင့်မားဝမ်ယွမ် မီးဖိုချောင်ထဲမှာ အပက်တကုတ်အလုပ်လုပ်နေကြတုန်း သူတို့နှစ်ယောက်ကတော့ ကောင်းကောင်းမွန်မွန်ကြီးဖဲပွတ်နေကြတာ။

"ကျန်းသ့ကော..ဒီတစ်ပွဲလည်း ရှုံးပြန်ပြီနော်..ပိုက်ဆံ.."

ကျိုးရဲ့ လက်ဖြန့်ပြီး ပိုက်ဆံတောင်းလာတော့ ကျန်းကျယ်ဟန်ဘေးမှာချထားတဲ့ ပိုက်ဆံအုပ်လိုက်ကြီးကို ရေတောင်မရေတွက်ပဲ စိတ်ပျက်လက်ပျက်ဖြင့် ပေးလိုက်သည်။ ကုန်းကျွင်းမျက်ခုံးနှစ်ဖက်မြင့်တက်သွားသည် ဒါက ‌ဘယ်လောက်လောင်းကြေးကြီးလဲ။

မရေတွက်ကြည့်ပဲ အကြမ်းမျဉ်းကြည့်ရင်တောင် ကုန်းကျွင်းကျိုးရဲ့ကို တစ်လပေးတဲ့ မုန့်ဖိုးထက်များလေသည်။ဒါက တစ်ပွဲလောင်းကြေးလား။

"‌ရှောင်....ရှောင်ဟန်..လောင်းကြေးက ဘယ်လောက်လဲ "

"ယွမ်နှစ်သောင်းလေ...(မြန်မာငွေသိန်းငါးဆယ်) "

"ဗျာ..."

ကုန်းကျွင်းတစ်ယောက်ထိုနေရာမှာတင် အတိတ်မေ့သွားချင်ပါသည်။
ထို့နောက် သူမယုံ သင်္ကာဖြင့် ထပ်မေးလိုက်သည်။

"ဒါဆို ...ဘယ် နှပွဲ..ရှုံးပြီးပြီလဲ"

"လေးပွဲလောက်ရှိရောပေါ့..မမှတ်မိတော့ဘူး."

𝗘𝘁𝗲𝗿𝗻𝗮𝗹 𝗟𝗼𝘃𝗲我会永远爱你 (Complete)Donde viven las historias. Descúbrelo ahora