Chapter 33

293 70 2
                                    

Unicode

"အဆိပ် ! ဘယ်လိုလုပ်ဖြစ်တာလဲ "

ကုန်းကျွင်း မယုံကြည်နိုင်စွာဖြင့် သတိလစ်နေတဲ့ ကျန်းကျယ်ဟန်မျက်နှာလေးကို ကြည့်မိလိုက်တယ်။ မားဝမ်ယွမ်လည်း တအားစိတ်ပူပြီး စကားတွေတောင် ထစ်နေလေပြီ ကျိုးရဲ့မှာတော့ အစ်ကိုဖြစ်သူ ကုန်းကျွင်းမျက်နှာကို ကြည့်နေမိတယ်။ သူ့အစ်ကို မျက်နှာမှာ စိုးရိမ်ပူပင်နေတာကို မြင်ရတယ် ဒါပထမဆုံးပဲ။

"‌‌ဆေး...ဆေးရုံပို့လိုက်ရင်ရော"

"အကူညီမရဘူး..အဲ့အစားပိုဆိုးသွားလိမ့်မယ်.."

"အဲ့တာဆို ..ကျွန်တော်တို့ဘာလုပ်သင့်လဲ ကုဖို့နည်းရှိလား"

"အဲ့အဆိပ်က အမျိုးအမည်မရှိဘူး..ဖြေဆေးဆိုတာမရှိဘူး..ဘယ်သူမှလဲ‌မဖော်စပ်နိုင်ခဲ့ဘူး.. အခုအချိန်မှာ ပေါ်လာပြီဆိုတော့ အဆိပ်ကိုဖော်တဲ့လူမှာ ဖြေဆေးရှိလိမ့်မယ်.."

"............"

အဆိပ်က ဘယ်သူခတ်တာလဲ ? အားလုံးရဲ့ အတွေးထဲမှာထိုမေးခွန်းသည်အဓိက ဖြစ်နေလေသည်။ ကျန်းကျယ်ဟန်က မည်သူနှင့်မျှ ဆက်ဆံရေးမကောင်းတာမျိုးမရှိဘူး။ဒီနေ့လည်း ဈေးတန်း၊ ခဲ့နိုင်းယွီရဲ့အိမ်ကို သွားတာကလွဲလို့ တခြားနေရာတွေလည်း မရှိခဲ့ဘူး။ ဈေးတန်းသွားတုန်းကလည်း ဘာအစာမှစားခဲ့တာမဟုတ်ဘူး။ ပြီးတော့....။

"အဲ့အဆိပ်နဲ့ ပတ်သတ်ပြီး ပြောစရာရှိတယ်..သူက ချက်ခြင်းအာနိသင်ပြတာမဟုတ်ဘူး ..တဖြည်းဖြည်း ပိုပြီး လူကိုထိခိုက်စေတာ ..ပထမဆုံးအနေနဲ့ ခေါင်းကိုက်ပြီး မူးမယ်..ပြီးရင် သတိလစ်မေ့မျောမယ်..နောက်ကျ စိတ်ကကယောင်ချောက်ခြားတွေ ဖြစ်နေလိမ့်မယ်..ပြီးရင် ရူးသွပ်သွားနိုင်တယ်..နောက်ဆုံးကျအိပ်ရာထဲလဲသွားပြီး မလှုပ်ရှားချင်တော့တဲ့အထိဖြစ်သွားလိမ့်မယ်...အချိန်အကန့်အသန့်တွေ မရှိဘူး ..လူရဲ့ စိတ်အပေါ်ကိုပဲ မူတည်တယ်.."

ကြားရတာက လုံးဝစိတ်ချမ်းသာစရာမရှိ ၊ကုန်းကျွင်း ကျန်းကျယ်ဟန်လက်ကို ဆုပ်ကိုင်ထားပြီး ခဏကြာမှ ဆရာဝန်‌လေးကို မေးလာခဲ့သည်။

"အဲ့အဆိပ်အကြောင်းကို ဒေါက်တာဒီလောက်သိတာ ကုသပေးလို့မရဘူးလား"

𝗘𝘁𝗲𝗿𝗻𝗮𝗹 𝗟𝗼𝘃𝗲我会永远爱你 (Complete)Where stories live. Discover now