Unicode
လေပြည်ညင်းတွေက မက်ပွန်ပွင့်တွေကို တိုးဝေ့သွားတိုင်း ကြွေလွင့်သွားတဲ့ ပွင့်ဖတ်အချို့နှင့်အတူ သင်းပျံ့လာသော ရနံ့လေးမှာလည်း အေးစိမ့်စိမ့်ရာသီဥတုလေးနှင့် အလွန်ပနံ့သင့်လှပါ၏။
ခြံဝင်းလေးထဲတွင် လူလေးယောက်မှာ ထိုင်နေလျက် အနက်ရောင်လက်ရှည်ဝတ်ထားပြီး လက်ကို တံတောင်ဆစ်နားထိ ခေါက်တင်ထားတဲ့ ရုပ်ရည်သန့်ပြန့်လျက်ရှိသော လူငယ်ပိုင်းတစ်ယောက်က သူ့ရှေ့မှာထိုင်နေတဲ့ ဖျော့တောနေတဲ့အသားအရည်နဲ့ လူတစ်ယောက်ရဲ့ သွေးကြောအချို့ကို စမ်းသပ်ကြည့်ပြီး သက်မချလိုက်မိပါလေသည်။
"ဘယ်လိုလဲ..ဒေါက်တာဖန့် အဆင်ပြေတယ်မလား "
အလောတကြီး မေးလာသော စိုးရိမ်ပူပင်တတ်သော ကောင်လေးသည်ကား တစ်ခြားလူမဟုတ်၊ကုန်းကျွင်းပင်။ ဖန့်ကျင်းဝေမှာ လေးခါမက သူတို့ဆုံဖူးပြီးသားလူတွေမို့ သူစိမ်းလို့သတ်မှတ်လို့မရတော့။ပြီးတော့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကိုလည်း သူရိပ်မိပါသည်။သူခေါင်းသာငြိမ့်ပြလိုက်ပြီး စကားတစ်လုံးချင်းစီကို သေချာပြောလာသည်။
"အခုတော့ စိုးရိမ်စရာမရှိပါဘူး..ခေါင်းအနည်းငယ်မူးယုံလောက်ပဲရှိမှာ..သတိလစ်လောက်တဲ့အထိမဖြစ်နိုင်သေးပါဘူး..ကျွန်တော်ပေးတဲ့ ဆေးပုံမှန်သောက်ပေးပါ "
"ကောင်းပါပြီ .."
"ပြီးတော့ ..."
သူဆက်ပြောစရာရှိပေမယ့် ကျန်းကျယ်ဟန်ရဲ့မျက်နှာကို တစ်ချက်ငဲ့ကြည့်လိုက်တယ် ၊ပုံမှန်အားဖြင့် ဆရာဝန်တွေက လူနာကို သူတို့ရဲ့ဆိုးဝါးလှတဲ့အခြေအနေမျိုးကို တိုက်ရိုက်အသိပေးခြင်းမရှိပေ။ ထိုသို့လုပ်ပစ်လိုက်ခြင်းက လူနာရဲ့ စိတ်ကို အလွန်အမင်းအားငယ်စေလိမ့်မည်။ ထိုအရာကို ကျန်းကျယ်ဟန်ရိပ်မိပုံရသည်။
"ဒေါက်တာ..အဆင်ပြေပါတယ် ကျွန်တော်အဆိုးဆုံးတွေ ဖြစ်လာလည်းမကြောက်ပါဘူး "
ထိုအခါမှ ဖန့်ကျင်းဝေလည်း စကားဆက်ပြောလာသည်။
"တကယ်တော့ ကျွန်တော်ကိုယ်တိုင် ကုသနိုင်ဖို့ဆိုတာ ငါးဆယ်ရာခိုင်နှုန်းတောင် ယုံကြည်ချက်မရှိဘူး..အဲ့တော့ အခုလိုပုံမှန်ပဲရှိသေးတဲ့အခြေအနေမှာ ခင်ဗျားတို့ အဆိပ်ခတ်ခဲ့တဲ့လူကို တွေ့အောင်ရှာသင့်တယ် "
ESTÁS LEYENDO
𝗘𝘁𝗲𝗿𝗻𝗮𝗹 𝗟𝗼𝘃𝗲我会永远爱你 (Complete)
Fanfic__ဘဝဆက်တိုင်း ကျွန်တော့်ကိုချစ်ပေးတဲ့ခင်ဗျားနဲ့တွေ့ဆုံရပြီး ခင်ဗျားနားမှာပဲ ကျန်ရှိတဲ့သက်တမ်းကို ကုန်ဆုံးချင်တယ် ။ ခင်ဗျားပြောခဲ့သလိုပေါ့ 'မင်းဘယ်ချိန်ရောက်လာမလဲ ဘယ်လိုရောက်လာမလဲ ငါမသိပေမယ့် မင်းသေချာပေါက် ပြန်ရောက်လာမယ်ဆိုတာ ငါသိတယ်'ဆိုတာကိုပေါ့...