(Unicode)
ဆောင်းတွင်းရဲ့အအေးဒဏ်သည် ထိုမြေအောက်ခန်းထဲထိထိုးဖောက်နေ၍
အရိုးထဲထိမတတ် ချမ်းအေးနေလေသည်။ကျိုးရဲ့မှာ လျှို့ဝှက်လမ်းကနေ ထိုမြေအောက်ခန်းဆီကို ဦးတည်သွားနေလေသည် ။အခန်းထဲတွင်လည်း နာနာကျင်ကျင်အော်သံကြီးက အလွန်ကြောက်စရာကောင်းလှသည်။ သို့သော်လည်း သူမ မျက်နှာတွင်ကြောက်ရွံမှုတစိုးတစိမျှမရှိ ။ နေ့စဉ်မြင်တွေ့နေကြသလိုသာပင်။
အခန်းထဲရောက်ရောက်ခြင်း ကြမ်းပြင်မှာ ဒူးထောက်ပြီး ကြိုးဖြင့်အချည်နှောင်ခံထားရသော မိန်းမငယ်လေးတစ်ယောက်။
သူမကိုယ်ပေါ်က အင်ကျီမှာ ပုစဉ်းတောင်ပံ ပမာပါးလွှာလွန်းသောကြောင့် အတွင်း၌နှိပ်စက်ခံထားရသော ဒဏ်ရာဒဏ်ချက်များကို ရှင်းလင်းစွာမြင်နေရသည်။ ဆံပင်တွေကလည်း ပွလန်ကျဲနေ၍ နှုတ်ခမ်းတစ်ဝှိုက်နှင့် မျက်နှာမှာလဲ အညိုအမဲများ ဖြစ်နေတော့သည်။
အခုချိန်ဤမိန်းကလေးကို လမ်းပေါ်ခေါ်ထုတ်သွားပြီး ရွှေဘုံပေါ်စံနေရသည့် သူဌေးသမီးလေးဆိုရင် ဘယ်သူမှမယုံတော့လေပြီ။ကျိုးရဲ့မှာ ထိုဒူးထောက်ထားသည့် မိန်းမငယ်လေး၏အရှေ့တည့်တည့်ကခုံမှာ ဝင်ထိုင်လိုက်သည်။
သူမမှာ ခရမ်းရောင်ဆွယ်တာလေးကိုဝတ်ဆင်ထားပြီး အလွန်လည်းလိုက်ဖက်ညီလှသည်။ တခြားလူတွေ အမြင်ရုံလောက်ဆိုရင်တော့ အလွန်လှပပြီး သိမ်မွေ့တဲ့အသွင်ဆောင်ပေမယ့် တကယ်ကအဆိပ်ပြင်းတဲ့ မိန်းကလေးတစ်ယောက် ပင်ဖြစ်သည်။"ဒါဆိုနင်ပေါ့..ငါ့အစ်ကိုနဲ့ငါ့ခဲအိုကြားဝင်ပါရဲတာ.."
ထိုမိန်းကလေးမှာ ဘာမှမပြောပဲ ကျိုးရဲ့ကိုမော့ကြည့်လိုက်သည်။
သူ့အကြည့်များက ကျိုးရဲ့ကို ဂရုမစိုက်ပုံပင် ။
ကျိုးရဲ့လည်း ချက်ခြင်း ထိုမိန်းကလေးရဲ့ ပွနေတဲ့ဆံပင်အချို့ကို ဆောင့်ဆွဲလိုက်လေသည်။"နင့်အကြည့်ကိုပြင်လိုက်ရင် ကောင်းမယ် .."
ကျိုးရဲ့ဆွဲအားမှာ ဆံပင်အားလုံးအမြစ်ကကျွတ်ထွက်သွားဖို့လုံလောင်နေ၍ ဟုန်ရှင်းမှာ အော်ဟစ်ပြီး လွှတ်ပေးရန်ပြောသည် ။
VOUS LISEZ
𝗘𝘁𝗲𝗿𝗻𝗮𝗹 𝗟𝗼𝘃𝗲我会永远爱你 (Complete)
Fanfiction__ဘဝဆက်တိုင်း ကျွန်တော့်ကိုချစ်ပေးတဲ့ခင်ဗျားနဲ့တွေ့ဆုံရပြီး ခင်ဗျားနားမှာပဲ ကျန်ရှိတဲ့သက်တမ်းကို ကုန်ဆုံးချင်တယ် ။ ခင်ဗျားပြောခဲ့သလိုပေါ့ 'မင်းဘယ်ချိန်ရောက်လာမလဲ ဘယ်လိုရောက်လာမလဲ ငါမသိပေမယ့် မင်းသေချာပေါက် ပြန်ရောက်လာမယ်ဆိုတာ ငါသိတယ်'ဆိုတာကိုပေါ့...