Chapter 48

418 61 6
                                    

(Unicode Version)

စင်စစ်ထိုအသံပိုင်ရှင်မှာ ကျန်းကျယ်ဟန်ရော၊လီတိုက်ခွမ်းကိုရော ဆွံ့အသွားစေသည့် ကုန်းကျွင်းပင်ဖြစ်တော့သည်။

လီတိုက်ခွမ်းကတော့ သူလှည့်စားခံလိုက်ရပြီဆိုတာကိုသိလိုက်ရပြီးသကာလ မျက်နှာကြီးကလုံးဝမည်းမှောင်လို့သွားသည်။ကျန်းကျယ်ဟန်မှာ စိတ်နဲ့ကိုယ်မကပ်ရှာတော့ပဲ shockရသွားပြီး ကုန်းကျွင်းရဲ့ မျက်လုံးတည့်တည့်တွေကိုသာစိုက်ကြည့်ပြီး မျက်လုံးအိမ်အတွင်းက ကုန်းကျွင်းအစစ်လား ဆိုပြီးမေးမြန်းနေမိတော့သည်။

ကျန်းကျယ်ဟန်သတိလွတ်သွားတာကို အခွင့်ကောင်းယူလိုက်ပြီး လီတိုက်ခွမ်းက ဓါးဖြင့်လှမ်းထိုးလေသည်။ကျန်းကျယ်ဟန်မထင်မိလိုက်၍ ရှောင်ဖို့ခဲယဉ်းသွားပေမယ့် လေအလျှင်နဲ့ သူတို့ကြားတိုးဝင်လာတဲ့ ကုန်းကျွင်းက လီတိုက်ခွမ်းရဲ့လက်ကို ဖြတ်ရိုက်ထုတ်လိုက်ရာ ဓါးက လေးပေလောက်အကွာအ‌ဝေးကို ကျသွားလေသည်။ကုန်းကျွင်းက ကျန်းကျယ်ဟန်ရဲ့ အရှေ့မှာပိတ်ရပ်လိုက်ပြီး လက်ဖြင့်ကာလိုက်သည်။

'သူ့လူကို အထိအခိုက်မခံဘူး'ဆိုတဲ့ သဘောကိုပြလိုက်ကာ လီတိုက်ခွမ်းအား ပြောလာသည်။

"ဒီမှာ ညီလေး လူတစ်ယောက်ကဘယ်လိုအခြေအနေတွေမှာ ခိုးကြောင်ခိုးဝှက်အလုပ်တွေလုပ်လဲ သိလား "

"ကျွင်းကောကလည်း လူတွေကိုဘယ်လိုလှည့်စားရမလဲ ကောင်းကောင်းသိတာပဲနော်..ကျွန်တော့်ကိုလှည့်စားတာက ထားလိုက်လို့ရပေမယ့် ဟန်ကောကိုပါ လှည့်စားတာတော့ မကောင်းဘူးထင်တာပဲ..သူ့ခဗျာ ခင်ဗျားအတွက် အရမ်းပူဆွေးနေရရှာတာ "

ကုန်းကျွင်းမျက်နှာတည်သွားပြီး သူ့အနောက်ကကျန်းကျယ်ဟန်ဘက်ကိုငဲ့ကြည့်လိုက်သည်။ထိုလူကသူ့အား မျက်နှာသေဖြင့် ကျောက်ရုပ်တစ်ခုလိုကြည့်နေတော့သည်။

ကုန်းကျွင်း တိုးညှင်းလှစွာသောအသံဖြင့် ကျန်းကျယ်ဟန်မျက်နှာကိုမကြည့်ပဲမေးလာသည်။

"ရှောင်ဟန်..ဘာဖြစ်သွားသေးလဲ "

ကျန်းကျယ်ဟန်ပြန်မဖြေပဲ သူ့ဆီကအကြည့်လွှဲသွားကာ လီတိုက်ခွမ်းကိုကြည့်လိုက်ပြီး ပြန်ဖြေလာသည်။

𝗘𝘁𝗲𝗿𝗻𝗮𝗹 𝗟𝗼𝘃𝗲我会永远爱你 (Complete)حيث تعيش القصص. اكتشف الآن