Chapter13

649 109 6
                                    

Unicode
မနေ့ညကထိုလူအားအသေအချာကြိုးဖြင့်ချည်ထားပါသော်လည်း
မနက်ရောက်တော့ ထိုသူမှာ ကိုယ့်ကိုကလေးတစ်ယောက်လို ရင်ခွင်ထဲထည့်ပြီး အိပ်နေပြန်လေပြီ ။

ကျန်းကျီဟန်လည်း သူ့မျက်နှာနဲ့အလွန်နီးကပ်စွာရှိနေသော ထိုရင်းနှီးတဲ့မျက်နှာကို ဘယ်မှာတွေ့ဖူးခဲ့လည်း စဉ်းစားလို့မရတော့ပါချေ။
ထို့အတူ ကုန်းကျွင်းဆိုသည့်အနှီလူသားကိုတွေ့လိုက်တိုင်း စို့စို့နင့်နင့်ခံစားချက်ကြီးနှင့်အတူ ပြောပြလို့မရသည့်ခံစားချက်တချို့က ကပ်ပါလာဆဲ။

အရင်က အိမ်မက်ဆိုးတွေအမြဲမက်တတ်တဲ့သူ့အတွက် ထိုလူရောက်လာပြီး သူ့ကိုရင်ခွင်ထဲထည့်အိပ်တဲ့နေ့တွေဆို အိမ်မက်‌တွေမှာ လှပနေလေတော့သည် ။

ကျန်းကျီဟန်လည်း ထိုလူကို မျက်တောင်မခတ်တမ်း အတော်အကြာစိုက်ကြည့်နေမိသည် ။

အနားကအသက်ရှူသံခပ်တိုးတိုးလေးကြောင့် ကုန်းကျွင်းတစ်ယောက် အိပ်နေရာကနေ မျက်လုံးကိုဖြေးဖြေးချင်းဖွင့်လိုက်တော့ သူ့ကိုစိုက်ကြည့်နေတဲ့ ကျန်းကျီဟန်နဲ့ အမှတ်မထင်အကြည့်ချင်းဆုံသွားလေသည် ။

ထိုလူသားမှာ အလွန်တရာမှ အရှက်သည်းသူဖြစ်လေရာ အကြည့်ချင်းဆုံးသွားသည်နှင့် တခဏလေးအတွင်းမှာပဲ  သူ့ရင်ခွင်ထဲက ရုန်းထွက်လိုက်ပြီး

"နိုးရင်လည်း ထတော့ ..ငါ့ကိုအိမ်ပြန်လိုက်ပို့ပေး"

ကုန်းကျွင်းလည်း နှုတ်ခမ်းကိုခပ်ရေးရေးလေး‌ကွေးလိုက်ပြီး

"အင်း ကျွန်တော့်ကိုကြိုးဖြည်ပေးတော့ "

ကျန်းကျီဟန်လည်း စနောက်လိုခြင်းအလျဉ်းမရှိပဲ ကြိုးကိုဖြုတ်ပေးလိုက်လေသည် ။ ကြိုးဖြုတ်ပေးလိုက်သည်နှင့် ကုန်းကျွင်းထံမှ နာကျင်မှုကြောင့်ခပ်တိုးတိုးအော်သံလေးကြားလိုက်ရသည်။

လက်ချောင်းသွယ်သွယ်လေးတွေနဲ့ အဖြူရောင်ဖန်သားတွေနဲ့ပြုလုပ်ထားသလို နတ်ဘုရားတမျှလှပလှသော ထိုလက်လေး၏လက်ကောက်ဝတ်မှာတော့ ကြိုးဖြင့်အချည်ခံထားရသောဒဏ်ကြောင့် နီရဲနေသည် ။

𝗘𝘁𝗲𝗿𝗻𝗮𝗹 𝗟𝗼𝘃𝗲我会永远爱你 (Complete)Where stories live. Discover now