Chapter20

546 113 13
                                    

Unicode

"အားရှင်..."

ချန်ဇီဟန်ရဲ့စကားကြောင့် အားလုံးရုတ်တရက်ကြောင်သွားကြသည်။
ထိူ့နောက် ကုန်းကျွင်းကို ပြိုင်တူ ကြည့်မိသွားကြသည် ။
ကုန်းကျွင်းကတော့ အေးအေးဆေးဆေးပင် ။

ချန်ဇီဟန်တစ်ယောက် သူအခုလက်ရှိဘာဖြစ်နေလဲ ဆိုတာကို အတော်လေးပြန်မှတ်မိအောင် တွေးလိုက်ရသည်။

'အင်း အတော်လေးတူတာပဲ'

"ဒေါ်လေးချန်...အဆင်ပြေရဲ့လား"

မားဝမ်ယွမ်၏ စကားသံကြားမှ စိတ်နဲ့ ကိုယ်ကပ်ကာ

"ဟင် ...အော် ပြေတယ် ပြေပါတယ်...ဒါနဲ့သူ့နာမည်က ဘယ်သူ.."

ချန်ဇီဟန်တစ်ယောက် ကုန်းကျွင်းကို လက်ညှိုးထိုးပြလိုက်တော့ ကုန်းကျွင်းက သူ့ကိုယ်သူမိတ်ဆက်လာသည်။

"ကျွန်တော့်နာမည်က ကုန်းကျွင်းပါ .."

ထို့နောက် ကျန်းကျီဟန်ကို ဘေးနားဆွဲကပ်ကာ ခါးကိုဖက်လိုက်ပြီး

"ဒါက ကျွန်တော့် ကောင်လေး ကျန်းကျီဟန်လို့ ခေါ်ပါတယ်.."

ကျန်းကျီဟန်လည်း လက်တစ်ဖက်နဲ့ ကုန်းကျွင်းလက်မောင်းကို ဆွဲဆိတ်လိုက်ပြီး

"ရှောင်မား ငါ့ကို ဒေါ်လေးချန်နဲ့ မိတ်ဆက်ပေးပြီးသား..ထပ်မိတ်ဆက်စရာမလိုတော့ဘူးလေ"

"အိုက်ယား နာလိုက်တာ..မားဝမ်ယွမ် မိတ်ဆက်ပေးတဲ့ အထဲမှာ အစ်ကိုက ကျွန်တော့်ကောင်လေး ဆိုတာမှ မပါတာ"

ကျန်းကျီဟန်လည်း သိပ်ကြွားချင်နေတဲ့ ထိုကောင်လေးကို မျက်စောင်းတစ်ချက်ပို့လွှတ်လိုက်လေသည်။

ချန်ဇီဟန်က ထိုသို့ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးဖြစ်နေတဲ့ ထိုကလေးတွေကို ကြည့်ပြီး ပြုံးမိသွားလေသည်။

'သူတို့ ဒီဘဝမှာ အတော်လေး အေးချမ်းနေကြပြီပဲကိုး..'

"သားတို့ သမီးတို့ ဒီမှာ ကိုယ့်အိမ်ကိုယ့်ယာလို သဘောထားပြီးနေလို့ရတယ် ဒေါ်လေးကို အားနာစရာမလိုပါဘူး "

"စိတ်ချပါ ဒေါ်လေးချန်..ကျွန်တော်တို့က ခင်ပြီဆို အားမနာတတ်တော့ပါဘူး.."

𝗘𝘁𝗲𝗿𝗻𝗮𝗹 𝗟𝗼𝘃𝗲我会永远爱你 (Complete)Where stories live. Discover now