Chapter 1

4.2K 222 16
                                    

[Unicode]
အေးစက်နေတဲ့နံရံတွေကြား ပိတ်မိနေပြီးတော့
နားထဲမှာ နွေးထွေးတဲ့ ခပ်တိုးတိုး ခေါ်သံလေးကြားနေရတယ်..။
သို့ပေမယ့် ကိုယ့်နာမည်မဟုတ်ဘူး...ဒါ​ပေမဲ့လို့ အဲ့ခေါ်သံက ကိုယ့်ကိုခေါ်နေသလိုပဲ..။

တဖြည်းဖြည်း ခေါ်သံကြားရဘက်ကိုလျှောက်သွားရင်းနဲ့
အလုံပိတ်အခန်းလိုနေရာမှာ...
သူ့ကိုကျောပေးပြီးရပ်နေတဲ့ လူတစ်ယောက်...။
ဖြူဖွေးနေတဲ့ သူ့အသားရည်ရှိပြီး မိမိထက်အရပ်အနည်းငယ်ပိုမြင့်နေသည်...။

သူ့ ကိုယ်ခန္ဓာမှာ အထူးဆန်းဆုံးက ရှည်လျားလှတဲ့ အဖြူရောင်ဆံနွယ်တွေ...။

တိတ်ဆိတ်နေတဲ့အခန်းရဲ့ အနေအထားကို မိမိဘက်က
စဖျက်ဆီးလိုက်တယ်..။

"ဟေ့လူ...ဒီမှာ..ကျွန်တော်ဘယ်ရောက်နေတာလဲ''

ထိုလူထံမှ သက်ပြင်းချသံကြားလိုက်ရသည်...
ပြီးတော့ သူက မိမိဘက်ကိုလှည့်လာတော့သည်..။

မျက်နှာလေး..မျက်နှာလေး မမြင်လိုက်ရခင်ပဲ...
မိမိရဲ့ လက်ရှိ ကမ္ဘာထဲ ပြန်ရောက်လာခဲ့တယ်...။

"တီ...တီ...တီ....''( Alarm မြည်သံ)
နှိုးစက်အသံကြောင့် ကျန်းကျီဟန့် အိပ်နေရာရနေ ရုတ်ချည်းထထိုင်လိုက်မိတော့ အနည်းငယ် ခေါင်းထဲနောက်သွားသည်..။

"အား..နောက်ကျပြန်ပြီ''
အချိန်ကိုကြည့်မိတော့ မနက် 8:00ထိုး..
ယနေ့ မေဂျာအချိန်ရှိတာ နောက်ကျပြန်လေပြီ

"ကျန်းကျီဟန့်.. ကျန်းကျီဟန့် အရေးမပါတဲ့ အိမ်မက်ကိုပဲ မက်ပြီးရင်း မက်နေလိုက်..''

မြန်မြန်ရေချိုးခန်းထဲဝင်ပြီး အမြန်ပြင်ဆင်ကာ အောက်ထပ်ကိုဆင်းလာတော့
မီးဖိုချောင်မှာ ပြင်ဆင်ထားတဲ့ Coffeeနဲ့ အမုန့်အနည်းငယ်ကိုတွေ့လိုက်သည်..

"ရှီးလွင်..ဒီကောင်လေး ကျောင်းကိုအစောကြီးသွားပြီလား..''

ညီအစ်ကိုနှစ်​​ယောက်ထဲနေတဲ့အိမ်ဖြစ်တာမို့ ထွေထွေထူးထူးတော့မရှိ..
ညီအစ်ကိုနှစ်ယောက် ဆက်ဆံရေးက အရမ်းနွေးထွေးနေတာ
မဟုတ်ပေမယ့် ဆိုးတဲ့အထဲတော့မပါပေဘူး...။

ကျန်းကျီဟန့် 7နှစ်သားလောက်မှာမိဘတွေဆုံးသွားတော့
ဘဝကို ခက်ခက်ခဲခဲရုန်းကန်ရသည် ပြီးတော့ အသက်3နှစ်လောက်သာရှိသေးတဲ့ ညီလေး ကျန်းရှီးလွင် ကိုလည်း ပြုစုရသေးသည်..။

𝗘𝘁𝗲𝗿𝗻𝗮𝗹 𝗟𝗼𝘃𝗲我会永远爱你 (Complete)Donde viven las historias. Descúbrelo ahora