Unicode Version
ခဏတာအတွင်း ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားပြီတိုက်ခတ်နေသော လေညှင်းသဲ့သဲ့လေးတွေက ရပ်တန့်လို့သွားသည်။မက်မွန်ပင်ပေါ်က ဆီးနှင်းတွေက ရေအဖြစ်ပြောင်းလဲသွားကာ မျက်ရည်များသဖွယ်ဖြစ်နေတော့သည်။
ရုတ်ချည်း ဖြတ်ခနဲကြားလိုက်ရတဲ့စကားလေးတစ်ခွန်းက သူ့နှလုံးသားကိုအစိတ်စိတ်အမွှာမွှာခွဲချေခံလိုက်ရသလိုပဲ။ ကျန်းကျယ်ဟန် ခေတ္တမျှရပ်တန့်နေပြီး ကျန်းရှီးလွင်ရဲ့မျက်နှာကို အကဲခတ်နေသည်။
သူဂရုတစိုက်မပြုစုမပျိုးထောင်ပေးခဲ့ရပေမယ့် ဒီကောင်လေးကအရမ်းလိမ်မာခဲ့တာ။သူကြိုးစားခဲ့သမျှ အလုပ်တွေအကုန်လုံးက ဟောဒီညီငယ်လေးအတွက်တွေပဲဖြစ်ပေသည်။
စာကျက်နေရင်း ကျောင်းတဖက်နဲ့ ရသမျှအချိန်ပိုင်းအလုပ်ကို ကုန်းရုန်းပြီးလုပ်ကိုင်ခဲ့၊ငွေကိုရှာဖွေပေးခဲ့တာတွေက သူ့ညီငယ်လေးအတွက်လေ။သူတို့ညီအစ်ကိုနှစ်ယောက်ကို လောကြီးမှာဖေးမမဲ့လူ သိပ်မရှိခဲ့ဘူး။နှစ်ယောက်စလုံးကိုယ့်အားကိုကိုယ်ကိုးပြီးရပ်တည်ခဲ့ကြတာ။သူညီငယ်လေးကိုသူအရမ်းချစ်ပါ၏။ဒါမဲ့ဘာဖြစ်လို့ သူ့ကိုဒီလိုကိစ္စမျိုးနဲ့နောက်ပြောင်ကျီစယ်နေရတာလဲ။
ကုန်းကျွင်း! သူကရော သူလည်းပြောခဲ့တယ်လေ။ဘယ်တော့မှထားမသွားပါဘူးလို့ အခုကျဘာလို့အဆက်အသွယ်လေးတောင်မလုပ်ပဲ အခုလိုပျောက်ကွယ်သွားနိုင်ရတာလဲ။
ကျန်းရှီးလွင် သူ့အစ်ကိုရဲ့မျက်လုံးတွေကိုကြည့်ပြီး ပိုပြီးဝမ်းနည်းလာမိသည်။ သူအဲ့အဖြစ်ပျက်တွေကို မျက်စိရှေ့မှာတင်မြင်ခဲ့ရတာ။သူပြောမထွက်ခဲ့ဘူး ဒါပေမယ့်လည်း အရမ်းမွန်းကျပ်လာလို့ အစ်မဖြစ်သူလို သဘောထားရတဲ့ ကျိုးရဲ့ကိုပြောပြဖို့ ဆုံးဖြတ်လိုက်တာ သူ့အစ်ကိုဖြစ်သူပါ ကြားသွားမယ်မထင်ခဲ့ဘူး။
ကျန်းကျယ်ဟန် သူ့ဆီကို နှေးတုံ့နှေးကန်ခြေလှမ်းတွေနဲ့လျှောက်လာပြီး အနူးညံ့အငြင်သာဆုံးပြုံးပြလေသည်။ထို့နောက်သူ့ပခုံးစွန်းကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ပြီး ခပ်တိုးတိုးအက်ရှရှလေသံလေးနဲ့မေးလာသည်။

ESTÁS LEYENDO
𝗘𝘁𝗲𝗿𝗻𝗮𝗹 𝗟𝗼𝘃𝗲我会永远爱你 (Complete)
Fanfic__ဘဝဆက်တိုင်း ကျွန်တော့်ကိုချစ်ပေးတဲ့ခင်ဗျားနဲ့တွေ့ဆုံရပြီး ခင်ဗျားနားမှာပဲ ကျန်ရှိတဲ့သက်တမ်းကို ကုန်ဆုံးချင်တယ် ။ ခင်ဗျားပြောခဲ့သလိုပေါ့ 'မင်းဘယ်ချိန်ရောက်လာမလဲ ဘယ်လိုရောက်လာမလဲ ငါမသိပေမယ့် မင်းသေချာပေါက် ပြန်ရောက်လာမယ်ဆိုတာ ငါသိတယ်'ဆိုတာကိုပေါ့...