Unicode Version
"ကုန်းကျွင်းများလား ..?"
"မဟုတ်ဘူး! "
ချန်ဇီဟန်ရဲ့တုံ့ပြန်မှုကြောင့် သူစိတ်ဓာတ်ကျသွားတယ်ဆိုပေမယ့် သူအစကတည်းကမျှော်လင့်ပြီးသားပါ။ဒါကြောင့် ညင်ညင်သာသာလေးပဲ ပြုံးလိုက်မိသည်။
သူ့အဖြစ်က ကောင်းကက်ပေါ်က လကိုလိုချင်သလိုဖြစ်ပြီး ရေကန်ထဲက လရဲ့ပုံရိပ်ယောင်လေးကိုလည်းမက်မောနေမိသည်။
"ရှောင်ကျွင့် သတင်းကိုဒေါ်လေးကြားပြီးပါပြီ ..ဒေါ်လေးတကယ်စိတ်မကောင်းပါဘူး "
"ကျွန်တော်တို့ ကံက ဒီဘဝမှာဒီလောက်ပဲရှိတော့လို့နေမှာပါ.."
ချန်ဇီဟန် ဘယ်လိုနှစ်သိမ့်ပြောဆိုရမလဲ မသိတော့ရှာပေ။ကျန်းကျယ်ဟန် ခေါင်းငြိမ်နှုတ်ဆက်လိုက်ပြီး ပြန်လာခဲ့လိုက်သည်။
ချန်ဇီဟန်နဲ့တွေ့ပြီးနောက်နေ့မှာတော့ သူတစ်ယောက်ထဲ ရှန်ဟိုင်းကိုပြန်သွားခဲ့သည်။ရှန်ဟိုင်း ပြန်ရောက်တာနဲ့ ကိုယ့်အိမ်ကိုယ်မပြန်တော့ပဲ ကုန်းကျွင်းအိမ်ရှိရာကိုသာ သွားလိုက်သည်။
သူကားခြံထဲကို စိုက်လာတာနဲ့ တစ်အိမ်လုံးက အလုပ်သမားတွေက လာကြိုလေသည်။ကျိုးရဲ့က အကုန်လုံးကို အသိပေးထားသည့်ပုံပဲ။
"အကိုလေး.."
"မင်းတို့လုပ်စရာရှိတာသွားလုပ်ကြပါ ငါ့ကိုဂရုမစိုက်ကြနဲ့ "
"ဟုတ်ကဲ့ အကိုလေး "
ကျန်းကျယ်ဟန် အလုပ်သမားတွေအားလုံးကို မောင်းထုတ်ပြီး မြေအောက်ခန်းထဲ ဆင်းလာခဲ့သည်။ မှောင်မည်းနေတဲ့ လမ်းတစ်လျှောက်က တစ်ယောက်ထဲဆိုတော့ ကြောက်စရာကောင်းပေမယ့် သူ့အနီးအနားမှာ ကုန်းကျွင်းရှိနေပါလိမ့်မယ်လို့တွေးမိရင် ကြောက်စိတ်တွေက အဝေးလွင့်ပယ်သွားသည်။
မြေအောက်ခန်းက အရောင်အနည်းငယ်မှောင်ပေမယ့် ဒီအခန်းကလူအများကြီးသေထားတဲ့အခန်းဖြစ်နေပေမယ့်လို့ သွေးညှီနံ့မရပဲ ပန်းအနံ့တွေရလို့နေသည်။ဒါပေမယ့် ဒီလိုအခန်းထဲမှာ ပန်းနဲ့ပတ်သတ်တာ တစ်ခုတစ်လေမှ မရှိပေ။ကျန်းကျယ်ဟန်သက်ပြင်းချမိလိုက်ပြီး စိတ်ထဲကတွေးလိုက်မိသည်။
![](https://img.wattpad.com/cover/270541924-288-k116549.jpg)
YOU ARE READING
𝗘𝘁𝗲𝗿𝗻𝗮𝗹 𝗟𝗼𝘃𝗲我会永远爱你 (Complete)
Fanfiction__ဘဝဆက်တိုင်း ကျွန်တော့်ကိုချစ်ပေးတဲ့ခင်ဗျားနဲ့တွေ့ဆုံရပြီး ခင်ဗျားနားမှာပဲ ကျန်ရှိတဲ့သက်တမ်းကို ကုန်ဆုံးချင်တယ် ။ ခင်ဗျားပြောခဲ့သလိုပေါ့ 'မင်းဘယ်ချိန်ရောက်လာမလဲ ဘယ်လိုရောက်လာမလဲ ငါမသိပေမယ့် မင်းသေချာပေါက် ပြန်ရောက်လာမယ်ဆိုတာ ငါသိတယ်'ဆိုတာကိုပေါ့...