Unicode
မနက်နေအလင်းရောင်ကနေ နေ့လည်နေအလင်းရောင်အဖြစ်ကူးပြောင်းသွားတယ်၊ပြီးတော့ အနောက်အရပ်ကိုဝင်ကာ ပျောက်ကွယ်သွားပြန်တယ်၊ဒါပေမယ့် အိပ်နေတဲ့ တစ်ယောက်သော သူကနိုးမလာခဲ့သေးဘူး။
ရက်ပိုင်းလောက်လို့ ပြောခဲ့တာပဲမို့ စိတ်ရှည်ရှည်နဲ့ ဂရုတစိုက်စောင့်ပေးဖို့သာလိုတယ်။
ကုန်းကျွင်းမနက်မိုးလင်းတာနဲ့ မျက်နှာသုတ်အဝတ်ကိုယူပြီး ကျန်းကျယ်ဟန်ကို ကိုယ်တိုင်မျက်နှာသစ်ပေးလေတယ် ၊ပြီးတော့ ဆေးတိုက်တယ် ပြီးရင်အနားကမခွာတော့ဘူး တစ်နေကုန် အဲ့အနားမှာပဲ ထိုင်နေလေသည်။
ထမင်းစားခန်းထဲတွင် မားဝမ်ယွမ်နှင့် ကျိုးရဲ့က ဘေးချင်းကပ်ရပ်ထိုင်နေလေသည်။
"ရှောင်ရဲ့ ...စားလေ မကြိုက်ဘူးလား"
"ဟင်အင်း ..စားမဝင်လို့ "
"ကျွင်းကောရော..သူမစားဘူးလား"
"အိုက်ယား ရှောင်ရဲ့တောင်စားမဝင်ပါဘူးဆို သူဆိုပိုဆိုးမှာပေါ့..မနက်ထဲက အခန်းထဲက ထွက်ကိုမလာဘူး..ကျန်းသ့ကောက သတိလစ်ရုံပဲလစ်တာ..သူအဲ့သလောက်ခံစားနေရတာ ..အကယ်၍များ..."
နိမိတ်မရှိ စကားကို သူမကိုယ်တိုင်ပဲ ဆက်မပြောပဲ တိတ်လိုက်သည်။
ဘာလို့ အဲ့သလိုဖြစ်ရမှာလဲ ၊မဖြစ်နိုင်ပါဘူး၊ အဲ့လူသာမရှိတော့ရင် သူ့အစ်ကိုရူးသွားလိမ့်မယ်။"ရှောင်မား..အဲ့သလိုလုပ်တာ ဘယ်သူလို့ထင်လဲ "
"ကိုယ်လည်း စဉ်းစားလို့မရဘူး.."
မားဝမ်ယွမ်က ဘယ်လိုလုပ်စဉ်းစားနိုင်မှာလဲ ၊သူကလူတိုင်းကိုမကောင်းမြင်ဖို့နေနေသာသာ သံသယမျက်လုံးနဲ့တောက်မကြည့်ဖူးတာ။ ကျိုးရဲ့တစ်ယောက်ကတော့ အသည်းအသန်စဉ်းစားနေသည်။ ဒီရက်ပိုင်းတွေထဲ အပြင်နဲ့မှမထိတွေ့ခဲ့တာ အပြင်လူမဟုတ်လောက်ဘူး၊အတွင်းလူပဲ ။
သူမ ကိုယ်တိုင်တော့ ဘယ်လိုမှအဲ့သလိုမလုပ်ဘူး၊မားဝမ်ယွမ်က အဲ့သလိုလူမျိုးဖြစ်ဖို့ဆိုတာက ဝေလာဝေး။ ကျန်းရှီးလွင်ကို သံသယစာရင်းထဲက ဖယ်လိုက်လို့ရတယ်။ ဒါဆိုရင် ဟွမ်ယူမင်နှင့် လီတိုက်ခွမ်းဆိုတဲ့လူပဲ ကျန်တာ။သူတို့နှစ်ယောက်ထဲက ဘယ်သူလဲ။
![](https://img.wattpad.com/cover/270541924-288-k116549.jpg)
ESTÁS LEYENDO
𝗘𝘁𝗲𝗿𝗻𝗮𝗹 𝗟𝗼𝘃𝗲我会永远爱你 (Complete)
Fanfic__ဘဝဆက်တိုင်း ကျွန်တော့်ကိုချစ်ပေးတဲ့ခင်ဗျားနဲ့တွေ့ဆုံရပြီး ခင်ဗျားနားမှာပဲ ကျန်ရှိတဲ့သက်တမ်းကို ကုန်ဆုံးချင်တယ် ။ ခင်ဗျားပြောခဲ့သလိုပေါ့ 'မင်းဘယ်ချိန်ရောက်လာမလဲ ဘယ်လိုရောက်လာမလဲ ငါမသိပေမယ့် မင်းသေချာပေါက် ပြန်ရောက်လာမယ်ဆိုတာ ငါသိတယ်'ဆိုတာကိုပေါ့...