Chapter21

509 125 9
                                    

Unicode

လွန်ခဲ့သော 13နှစ်ခန့်...

အဝေးပြေးလမ်းမကြီး တစ်နေရာတွင်
ကားလေးတစ်စီးက အေးအေးလူလူပင် သူ့အရှိန်နှင့်သူ သွားလာနေလေသည်။

ကားနောက်ခန်းတွင် 5နှစ်သားအရွယ် ကလေးငယ်လေး တစ်ဦးက
မိခင် ပေါင်ပေါ် ခေါင်းအုံးအုံးရင်းအိပ်ပျော်နေလေသည်။

ထိုကလေးငယ်လေးမှာ အလွန်ထူးဆန်းတဲ့ အိမ်မက်ကိုမြင်မက်နေလေသည်။
ထိုအိမ်မက်ထဲက လူက နာမည်တစ်ခုကို ငြင်သာစွာခေါ်ကာ
အပြုံးတွေက ချိုသာနေပေတော့သည်။

"လောင်ဝမ်း..."

"လောင်ဝမ်း...သေရည်သောက်တော့...."

"နောက်မနေနဲ့တော့ ..ဝမ်းသူတော်ကောင်းကြီး"

"တောတောင်မြစ်ချောင်းတွေကို အလွယ်တကူတွေ့နိုင်ပေမဲ့ အတွင်းသိအစဉ်းသိကို ရှာတွေ့ဖို့ခက်ခဲတယ်"

"မင်းဘယ်အချိန်လာမလဲ ဘယ်လိုလာမလဲ ငါမသိဘူး ဒါပေမယ့် ငါသိတယ်..မင်းကျိန်းသေရောက်လာမယ်ဆိုတာ"

တဖြည်းဖြည်း ချိုမြိန်နေရာကနေ ချိုလွန်းလို့ထင်ပါတယ်
ခါးသက်လာသလိုပင် ။

"လောင်ဝမ်း...ငါမင်းကိုအရင်က ရူးချင်ယောင်ဆောင်နေတယ်ထင်တာ ..မထင်ထားဘူး မင်းကတကယ်ရူးနေတာပဲ "

"ဝမ်းခယ့်ရှင်..မင်းကျေနပ်ပြီလား..စိတ်ထဲမှာရောနေလို့ ကောင်းသွားပြီလား...ဒါကမင်းလိုချင်တဲ့ အဆုံးသတ်မျိုးလား"

"အကယ်၍မင်းကတောင်မှ ငါ့ကိုနှစ်အနည်းငယ်လောက် အသက်ထပ်ရှင်ဖို့ ပြောနေသေးရင် ....ငါမင်းနဲ့အလကားရင်းနှီးနေခဲ့တာပဲ "

အိမ်မက်ရဲ့ အဆုံးသတ်မှာတော့ ဘာကြောင့်လဲ မသိပေ။
‌အရမ်းဝမ်းနည်းစရာမို့ လန့်နိုးပြီး ငိုချမိတော့သည်။

"သား...ရှောင်ကျွင်း .ဘာဖြစ်လို့လဲ"

"မေမေ သားကြောက်တယ်.."

"ဘာလို့ကြောက်တာလဲ သားရဲ့ ..အိမ်မက်ဆိုးမက်လို့လား"

"ဟင်အင်း..သားမသိဘူး သားကြောက်တာပဲ သိတယ် သူ..သူသားကိုထားသွားမှာ ကြောက်တယ်..."

𝗘𝘁𝗲𝗿𝗻𝗮𝗹 𝗟𝗼𝘃𝗲我会永远爱你 (Complete)Onde histórias criam vida. Descubra agora