Chapter 39

296 63 0
                                    

Unicode

ပန်းဆီရောင်တောက်နေသော မက်မွန်ပန်းပွင့်တွေက ဟယ်ယွဲ့တောင်ပေါ်တွင် ငွားငွားစွင့်စွင့်ပွင့်လန်းနေကြသည်။ တစ်ချိန်ကျရင်တော့ ဒီပန်းနုရောင်နဲ့လှပနေတဲ့ပန်းလေးတွေက ‌လေညင်းတစ်ချက်တိုက်ခတ်ရုံနဲ့ မြေပြင်ပေါ်ကြွေကျကာ ညှိုးခြောက်သွားမည်သာဖြစ်၏။

မက်မွန်ပန်းပွင့်တွေးကြားပျံ့လွင်လာတဲ့ မွှေးရနံ့တစ်ချို့က စိတ်ကိုကြည်လင်လန်းဆန်းစေပါသည်။ ကျန်းကျယ်ဟန် ခြံဝန်းကြီးထဲက မက်မွန်ပန်းခက်များကို ခူးယူလိုက်ကာ ဧည့်ခန်းဆောင်က ပန်းအိုးထဲထည့်ထားလိုက်ပါသည်။

ရက်တွေကအတော်ပင်ကြာရှည်လွန်းလှပါတယ်၊ကုန်းကျွင်းထွက်သွားတာ ငါးရက်ကြာသွားပြီ။ဘယ်တော့ပြန်လာမလဲ မမေးမိခဲ့တာကိုပဲနောင်တရသွားလေသည်။ ဒီရက်ပိုင်း ဖုန်းအဆက်အသွယ်တော့ရပေမယ့် အဘယ်လိုရှိနေမလဲ မသိတာကြောင့် စိတ်ထဲအနည်းငယ်တော့ စိုးရွံ့ရပါသည်။

ကျန်းကျယ်ဟန် ပန်းခက်တွေကို အိုးထဲစီထည့်ပြီး အနောက်လှည့်လိုက်တော့ သူ့ကို အသံမပေးပဲ စူးစူးစိုက်စိုက်ကြည့်နေတဲ့ ကျိုးရဲ့ကြောင့် အနည်းငယ်လန့်သွားရသည်။

"ဒီကောင်မလေး အသံမပေးဘာမပေးနဲ့ "

"ပန်းအိုးကိုကြည့်ပြီး သက်ပြင်းတစ်ချချနဲ့ ဘာဖြစ်နေတာလဲ "

ကုန်းကျွင်းဘယ်လိုမှာတမ်းချွေခဲ့လို့လဲတော့မသိပေ၊ဒီရက်တွေမှာ အနှီသူတော်ကောင်းမလေးက ကျန်းကျယ်ဟန်ကို မျက်စိရှေ့ကအပျောက်မခံပဲ လှုပ်ရှားမှု မြန်သမျှကိုထောင့်စေ့အောင်ကြည့်နေလေသည်။မားဝမ်ယွမ်ဆိုတဲ့ငတုံးလေးက သဝန်မတိုတတ်ရှာလို့သာပေါ့၊မဟုတ်ရင်တောင်မှ ကျိုးရဲ့ကို သူပြန်ခံပြောနိုင်တာမှမဟုတ်တာပဲ။

"ဘာမှမဖြစ်ပါဘူး "

"မသိရင် ခက်မယ်ရော်..ကောကိုသတိရနေတာများ..တစ်ပါတ်နှစ်ပါတ်လောက်ခွဲရတာကို ပိုကိုပိုလွန်းတယ် "

ကျိုးရဲ့မှာ ထိုင်ခုံတစ်ခုံတွင်ဝင်ထိုင်လိုက်ပြီး အစောပိုင်းကကျန်းကျယ်ဟန် ထိုးစိုက်ထားတဲ့ ပန်းပွင့်တွေကို ဖိချေကစားနေသည်။ကျန်းကျယ်ဟန် သူ့ခင်ဗျာ အလှပဆုံးပွင့်ချပ်တွေပါသည့်အခက်တွေကို ဂရုတစိုက်ရွေးခူးခဲ့ပေမယ့် အခုထိုပွင့်ချပ်တွေက အနှီရက်စက်သော မိန်းမလှလေးဖျက်ဆီးတာမြင်တော့ ရင်ဘတ်ထဲက တဆစ်ဆစ်ကိုက်လာရသည်။

𝗘𝘁𝗲𝗿𝗻𝗮𝗹 𝗟𝗼𝘃𝗲我会永远爱你 (Complete)Where stories live. Discover now