Chapter 40

300 60 6
                                    

Unicode

နေရောင်ပြင်းပြင်းပျပျမကျရောက်သောနေ့မှာ မက်မွန်ပင်တွေဝေနေတဲ့ ခြံဝန်းကြီးနားမှာ စကားတပြောပြောနှင့်စုဝေးနေတဲ့ လူတစ်စုရှိသည်။ ခက်လွင်လွင်ရယ်သံတစ်ခုက ကြားလိုက်ရတဲ့သူရဲ့နားထဲကို ရွှင်ပြမှုကိုဖြစ်စေသည်။ထိုရယ်သံရဲ့ပိုင်ရှင်ကတော့ ဝေကျယ်မင် ပင်။

"အဲ့တာဆိုရင်ကုန်းကျွင်းလက်ခံဖို့အတွက် မင်းတို့နှစ်ယောက်အတော်ကြိုးစားလိုက်ရပုံပဲ "

"ရှောင်ရဲ့အပြောကောင်းလို့သာ ကျွင်းကောကကျွန်တော့်ကိုလက်ခံသွားတာ"

‌‌ကျိုးရဲ့နဲ့မားဝမ်ယွမ်က သူတို့နှစ်ယောက်ရဲ့ဇာတ်လမ်းလေးအား အနှီလူနှစ်ဦးကိုဖောက်သည်ချပြောပြနေပုံရပါ၏။ထိုအခါမှတချိန်လုံး ငြိမ်ပြီးပြုံးပြုံးပဲနားထောင်နေတဲ့ ဖန့်ကျင်းဝေက ခေါင်းဆတ်ဆတ်ငြိမ့်လိုက်ကာ ပြောလာသည်။

"ဘာပဲဖြစ်ဖြစ်မင်းတို့နှစ်ယောက်အတွက် ဝမ်းသာပါတယ် ကျိုးရဲ့ကလည်း လှပတဲ့မိန်းမကောင်းလေး ၊ဝမ်ယွမ်ကလည်း လူရိုးလူကောင်းလေး လိုက်ဖက်ပါတယ် "

ကျိုးရဲ့မှာ ပြုံးကာခေါင်းငုံ့နေသည် ၊သူမ ကြည့်ရတာအနည်းငယ်တော့ရှက်နေသလိုပဲ။ကျိုးရဲ့ဘာမှမပြောပဲ ခပ်သဲ့သဲ့လေးရယ်လိုက်မိသည်။

"ဟုတ်သားပဲ မင်းတို့ကိုကျောင်းပြီးရင် ကုန်းကျွင်းကလက်ထပ်ပေးမှာလား"

"ကျွင်းကောကတော့အဲ့သလိုပြောတာပဲ..ရှောင်ရဲ့ကတော့ လက်မထပ်ချင်သေးဘူး ပြီးတော့အရင်ဆုံး ကျွန်တော်တို့ဘဝအတွက်တွေးထားရအုံးမယ်..ဒါကြောင့် အရင်စေ့စပ်ထားရင်ပဲကောင်းမလားလို့လေ "

"အဲ့တာအရမ်းကောင်းတာပေါ့ ..ဒါပေမယ့်လည်း အဲ့အချိန်အတွင်းမှာ ကုန်းကျွင်းက သူ့ရဲ့ချစ်ညီမလေးကို မင်းလက်ထဲမထည့်နိုင်တော့ဘူးဆိုရင်ရော"

မားဝမ်ယွမ်တစ်ခုခုပြောမည်အပြု ကျိုးရဲ့က လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးပဲ‌‌ပြောလာသည်။

"စိတ်မပူပါနဲ့ အဲ့ကျရင် ရှောင်မားကို ကျွန်မကခိုးပြေးမှာပေါ့ "

𝗘𝘁𝗲𝗿𝗻𝗮𝗹 𝗟𝗼𝘃𝗲我会永远爱你 (Complete)Donde viven las historias. Descúbrelo ahora