Unicode
ကျိုးရဲ့မှာ စိတ်မသက်သာသောခံစားချက်ကြောင့် နည်းနည်းခပ်ဝေးဝေးပြေးထွက်လာခဲ့သည်။ ရှောင်မားက ဘယ်တုန်းကကောင်မလေးရသွားတာလဲ။
တကယ်ဆို သူ့ကိုအစထဲကပြောပြသင့်တာ မဟုတ်လား။ ခဏကြာတော့ မားဝမ်ယွမ်ရဲ့ ခေါ်သံအကျယ်ကြီးနဲ့ ပြေးလာပြီး သူ့နောက်ကိုလိုက်လာလေသည်။
"ရှောင်ရဲ့...ငါ ..ငါရှင်းပြပါရစေအုံး"
ကျိုးရဲ့မှာ ဘာမှနားမထောင်ချင်သည့်နှယ်ဖြင့်လှည့်ထွက်သွားတော့ မားဝမ်ယွမ်က သူ့ကိုလက်ကို လှမ်းပြီး ဖမ်းဆွဲထားသည်။
"ရှောင်ရဲ့ နေပါအုံး..."
"လက်ကိုလွှတ်ပါ ..နင့်မှာကောင်မလေးရှိနေတာကို ဘာလို့ ..."
ကျိုးရဲ့မှာ ပြောမပြတတ်လောက်အောင် ရင်ထဲမွန်းကြပ်လာသည်ဟုခံစားရသည်။ထိုလူသားက သူ့ရဲ့ပထမဆုံးသူငယ်ကောင်း၊ပြီးတော့ သူမအစ်ကိုပြီးရင် သူမကိုအနားလည်ပေးတတ်ဆုံးလူ၊ စစတွေ့ကတည်းက မိန်းမငယ်လေးမို့ ကူညီပေးတယ်ဆိုတဲ့စကားကြောင့် အနားကိုကပ်ခွင့်ပေးခဲ့မိသော တစ်ဦးတည်းသောသူ။
အခုချိန်ထိသူတို့နှစ်ယောက် သူငယ်ချင်းအဆင့်ထက်ပိုနေပြီလား မသိပါ။ သူမ ထိုငတုံးလေးအနားမှာနေရတာပျော်တယ်၊၊ခရမ်းရောင်ကြိုက်တတ်တဲ့သူမကို ခနခန ကြိုက်တတ်တဲ့အရောင်နဲ့ လက်ဆောင်ပေးရတာ သူတအားသဘောကျတယ်။ သူမမှာလည်း ဘာမှမသိနားမလည်တဲ့ ထိုငတုံးလေးကို အစစအရာရာသင်ပြပေးရတာ သဘောကျတယ်။
အခုလိုကြီးကြားရတော့ သူမစိတ်ထဲ အရမ်းတင်းကြပ်လာသည်။ငယ်ငယ်ထဲကနေ အခုချိန်ထိ အပြင်လူတစ်ယောက်ကို သဘောကျမိတာ ဒါပထမဆုံးပါပဲ။
"ရှောင်ရဲ့ ..မင်းသူများပြောတာတွေ မယုံပါနဲ့..ငါ့မှာ ..ငါ့မှာတကယ်ဘာချစ်သူမှမရှိပါဘူး"
"နင်...တကယ်ပြောတာလား? "
"ငါမင်းကို ဘာလို့ညာရမှာလဲ...ငါ့မှာတကယ်ကောင်မလေးမရှိပါဘူး."
ထို့နောက် ကျိန်ဆိုဟန် လက်ပုံစံလုပ်ကာ
"ငါမားဝမ်ယွမ်ကတိပေးတယ်...ငါ့တစ်သက်လုံးမင်းကို လိမ်တာမျိုးမလုပ်ပါဘူး...."

ESTÁS LEYENDO
𝗘𝘁𝗲𝗿𝗻𝗮𝗹 𝗟𝗼𝘃𝗲我会永远爱你 (Complete)
Fanfic__ဘဝဆက်တိုင်း ကျွန်တော့်ကိုချစ်ပေးတဲ့ခင်ဗျားနဲ့တွေ့ဆုံရပြီး ခင်ဗျားနားမှာပဲ ကျန်ရှိတဲ့သက်တမ်းကို ကုန်ဆုံးချင်တယ် ။ ခင်ဗျားပြောခဲ့သလိုပေါ့ 'မင်းဘယ်ချိန်ရောက်လာမလဲ ဘယ်လိုရောက်လာမလဲ ငါမသိပေမယ့် မင်းသေချာပေါက် ပြန်ရောက်လာမယ်ဆိုတာ ငါသိတယ်'ဆိုတာကိုပေါ့...