Chapter17

621 128 19
                                    

Unicode

တစ်နေ့ကိုသုံးလောက်ခေါက်လောက် အမြဲရန်ဖြစ်နေတဲ့ ထိုအတွဲကို
ဟွမ်ယူမင် ထိုင်ပြီး အမြင်ကတ်ရုံကလွဲပြီး ဘာမှမတတ်နိုင်ပေး။

ကုန်းကျွင်းဆိုသည့် ကောင်ကလည်း မထိတထိစသည်
ကျန်းကျီဟန်ဆိုသည့်ကောင်ကလည်း သေအောင်စိတ်ကောက်သည်
ပြီးရင်သတ်ကြမယ် တစ်ယောက်နဲ့တစ်ယောက်အော်ကြမယ်
ပြီးရင်ငါးမိနစ်တောင် သေချာမပြည့်ပဲ ပြန်တည့်ကြမယ် ။
ကိုယ်ပိုင်ပေးထားတဲ့ Nicknameတွေနဲ့ ကလူကျီစယ်ကြမယ်။

ဘေးကကြည့်နေတဲ့ ဟွမ်ယူမင်တစ်ယောက် လုံးဝသည်းမခံနိုင်တော့ပေ။

"မင်းတို့ ဒါကစာသင်ခန်းဆိုတာကို သတိရသေးလား"

"အင်း သိတယ်လေ ဘာဖြစ်လို့လဲ "

"ကျန်းကျီဟန် မင်းတော်တော်အချိုးပြောင်းသွားပါလား အရင်ကအရှက်သည်းခြေကြီးလိုက်တာမှ လွန်ရော အခုကျ‌တော့ မျက်နှာပြောင်တိုက်လှချည်လား"

ကုန်းကျွင်းလည်း ကျန်းကျီဟန်ပခုံးပေါ်မှီလိုက်ပြီး ဟွမ်ယူမင်ကိုမျက်ခုံးတစ်ဖက်မြှင့်ပြလိုက်သည် ။

ကျန်းကျီဟန်လည်း ကုန်းကျွင်းတမင်လုပ်ပြနေမှန်းသိလို့ ကုန်းကျွင်းခေါင်းကို ပုတ်ပေးလိုက်လေသည်။

ထိုအခါ ဟွမ်ယူမင်၏မျက်နှာသည် ပိုရှုံ့မဲ့သွားသည်။

"ဘာလဲ ကိုယ့်ကောင်လေးကို ကိုယ်ချစ်လို့မရဘူးလား"

"အေး ..ချစ်ကြ မင်းတို့ပဲသေအောင်ချစ်ကြ ..သွားစမ်းပါ ဝေးဝေးသွားချစ်ကြ "

ဟွမ်ယူမင်သည် လူရှေ့သူရှေ့ မရှောင် ဖြစ်နေသည့် ထိုအတွဲကိုတွန်းထုတ်လိုက်လေသည်။

"အဘိုးကြီးဆိုဒ်ဖမ်းနေတဲ့ကောင် .ရှောင်ဟန်က ငါ့ကိုဂရုစိုက်တာ မင်းကဘာကိုမနာလိုဖြစ်နေတာလဲ "

"မနာလိုဖြစ်တာ မဟုတ်ပါဘူး စောက်မြင်ကတ်နေတာ ..အနှစ်သောင်းချီနေတဲ့လူပျိုကြီးတွေ လင်ရတဲ့အတိုင်းဖြစ်နေလို့  .."

ထိုစကားကြောင့် အနှီအတွဲမှာအော်ရယ်လိုက်ကြသည်။

"ကျွင့်ကျွင့် စမနေနဲ့ .သူက ချစ်စရာလူမရှိတိုင်း ငါတို့ကိုမနာလိုနေတာ"

𝗘𝘁𝗲𝗿𝗻𝗮𝗹 𝗟𝗼𝘃𝗲我会永远爱你 (Complete)Hikayelerin yaşadığı yer. Şimdi keşfedin