Unicode
"ငါသိပြီ..သူပဲ "
"ဘယ်သူလဲ ..ဟိုလီမျိုးရိုးပဲလား "
ကျန်းကျယ်ဟန် သေချာပြီဆိုတော့မှ ခေါင်းငြိမ့်လိုက်သည်။
"အဲ့နေ့က သူငါတို့ကိုနှုတ်ဆက်တယ်ဆိုတဲ့ည..ငါ့ခေါင်းပေါ်က အမှိုက်တစ်ခုခုကို ဖယ်ပေးမယ် လုပ်တော့ ငါရှောင်လိုက်တာ..မထင်ထားဘူး သူ့လက်စွပ်က အချွန်နဲ့ ခေါင်းကိုထိုးမိတယ် ..အပ်နဲ့ထိုးသလောက်တောင်မနာပါဘူး..အဲ့တုန်းက သူထူးဆန်းနေတယ်ငါထင်တာ "အားလုံးတိတ်ဆိတ်သွားခဲ့သည်၊ဒါဆို တရားခံက အဲ့လူပေါ့။ ကုန်းကျွင်းမျက်လုံးတွေ ခက်ထန်လာသည်၊အခုချိန်အဲ့မြေခွေးကိုသတ်ဖို့ သူတကယ်မစောင့်နိုင်တော့ဘူး၊သို့ပေမယ့် ဝေ့ကျယ်မင်က ထပ်ပြောလာသည်။
"ငါထင်တာက တစ်ခုခုထူးဆန်းနေတယ်လို့ ..,"
"ဘာထူးဆန်းလို့လဲ "
"အဲ့လီတိုက်ခွမ်းဆိုတဲ့လူက ဒီလိုအဆိပ်မျိုးကိုတောင် ဖန်တီးပြီး ဒီလိုလုပ်ရပ်မျိုး လုပ်နိုင်လောက်အောင်ထိ ကျွမ်းကျင်တာ..ဘာလို့သူ့လုပ်ရပ်ကခဏလေးစဉ်းစားရုံနဲ့ ပေါ်သွားရတာလဲ အရမ်းပေါ်တင်ဖြစ်လွန်းတယ် မထင်ဘူးလား"
အားလုံးက စဉ်းစားသွားကြပေမယ့် ကုန်းကျွင်းကတော့ အဲ့သလိုမထင်။လီတိုက်ခွမ်းက တကယ်ပေါ်တင်လုပ်ခဲ့တာပဲလေ။
"ကျွန်တော်သိတယ် သူကအစထဲက ရှောင်ဟန့်ကိုအခုလိုဖြစ်စေချင်နေတာ..ကျွန်တော်တို့ ဒီရောက်မှ သူ့ကို သိတာမဟုတ်ဘူး..အဲ့တုန်းက သူကျွန်တော့်ကို လုပ်ကြံဖို့ တွေးသေးတယ် "
"ဘယ်တုန်းကလဲ ကုန်းကျွင်း"
"အစ်ကို့အတွက် ကျွန်တော် ကော်ဖီသွားဝယ်ပေးတဲ့နေ့ကိုမှတ်မိသေးလားကျွန်တော်တို့ကို လီတိုက်ခွမ်းဒုတိယအကြိမ်ဝင်တိုက်တဲ့အခါက ကျွန်တော်သူ့နောက်လိုက်သွားခဲ့သေးတယ်လေ "
ဟုတ်တယ် အဲ့တုန်းက ကုန်းကျွင်းသူ့နောက်လိုက်သွားခဲ့တာပဲ၊ဘယ်လိုဖြစ်သွားလဲ ကျန်းကျယ်ဟန်သာမသိခဲ့တာ။ဖန့်ကျင်းဝေက ပြောလာသည်။
"ဒီလိုဆို မင်းတို့က မြွေပွေးကိုခါးပိုက် ပိုက်ထားခဲ့တာပဲ "
YOU ARE READING
𝗘𝘁𝗲𝗿𝗻𝗮𝗹 𝗟𝗼𝘃𝗲我会永远爱你 (Complete)
Fanfiction__ဘဝဆက်တိုင်း ကျွန်တော့်ကိုချစ်ပေးတဲ့ခင်ဗျားနဲ့တွေ့ဆုံရပြီး ခင်ဗျားနားမှာပဲ ကျန်ရှိတဲ့သက်တမ်းကို ကုန်ဆုံးချင်တယ် ။ ခင်ဗျားပြောခဲ့သလိုပေါ့ 'မင်းဘယ်ချိန်ရောက်လာမလဲ ဘယ်လိုရောက်လာမလဲ ငါမသိပေမယ့် မင်းသေချာပေါက် ပြန်ရောက်လာမယ်ဆိုတာ ငါသိတယ်'ဆိုတာကိုပေါ့...